Author's Profile Photo

မိုးနှောင်းအလင်္ကာ

4/11/2024

"ရဲဝံ့ပြတ်သား အာဂလူသား။"

1 min read
Life Style
General Knowledge
18 Again
"ရဲဝံ့ပြတ်သား အာဂလူသား။"'s photo

သိမ်ငယ်စိတ်တွေနဲ့ အကြောက်တရားတွေဟာ ဘဝတတ်လမ်းကို ပိတ်ပင်စေတဲ့အဓိက အချက်ပါ။ ဘဝမှာ သိမ်ငယ်လာပြီဟေ့ဆိုရင် နှစ်ထပ်အိမ်ကြီးနဲ့နေရရင်တောင် ဘေးကတိုက်အိမ်ကြီးကြည့်ပြီး သိမ်ငယ်စိတ်ဝင်တတ်ကြတာပါ။ထို့အတူ မဖြစ်မှာကြောက်တဲ့စိတ်၊ မလုပ်နိုင်မှာကြောက်တဲ့စိတ်ကြောင့် မလုပ်လိုက်ရတဲ့အရာတွေ တော်တော်များများရှိနေပါပြီ။

တစ်ခါက ဥယျာဥ်ခြံကြီး တစ်ခုအတွင်းမှာ ဂန္ဓမာပန်း များစွာစိုက်ပျိုးထားတယ်။ ဂန္ဓမာပန်းတွေဟာ အဖြူ၊အဝါ၊ခရမ်း အရောင်မျိုးစုံ ဖူးပွင့်နေကြတယ်။ ဒါပေမဲ့ အဲ့ဒီ ဥယျာဥ်ခြံကြီး အတွင်းမှာ နှင်းဆီပင်ကလေးတစ်ပင် ပေါက်ရောက်နေတယ်။ ဂန္ဓမာပန်းတွေ အစွမ်းကုန်ပွင့်အာနေတဲ့အချိန်ရောက်ရင် ကပ်ကြေးကလေးဟာ ခူးဖြတ်ပြီး စီရီကာ ရောင်းချတဲ့ အတွက် ဂန္ဓမာပန်းလေးတွေက ကပ်ကြေးကလေး ဥယျာဥ်ထဲ ဝင်လာမှာကိုကြောက်ရွံကြသတဲ့။

အဲ့ဒီအထဲမှာ တစ်ပင်တည်းသော နှင်းဆီပင်ကလေးကလည်း ကြောက်ရွံနေပါတယ်။ နှင်းဆီပင်ကလေး ဟာ တစ်ဖြည်းဖြည်း အရွယ်ရောက်လာပြီး အပွင့်ပွင့်ချိန် ရောက်တာတောင်မပွင့်ခဲ့ဘူး။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ အပွင့်မပွင့်သေးတဲ့ နှင်းဆီပင်ကလေးကို ကပ်ကြေးကလေးက မနက်ဖြန်မှ မပွင့်ရင်တော့ နှုတ်ပစ်မယ်ဟုပြောကာ ပြန်ထွက်သွားလေတယ်။ အဲ့ဒီလိုပြောသံကြားတဲ့အခါ နှင်းဆီပင်ကလေးက ညိုးရော်ကာ စိတ်ညစ်နေတယ်။

နှင်းဆီပင်ကလေးရဲ့ အောက်ခြေရင်းမှာ ပေါက်နေတဲ့ ပေါင်းမြက်ကလေးက
"နှင်းဆီပင်ကလေး ရဲရဲသာ ပွင့်ပါ။ ကျွန်တော်လို အသုံးမဝင်တဲ့ ​ပေါင်းမြက် တောင် ရှင်သန်နိုင်သေးတာ သိပ့်လှတဲ့ နှင်းဆီပင်ကလေးက ပိုတောင် ရှင်နိုင်ပါသေးတယ်"
လို့အားပေးစကားပြောခဲ့တယ်။ နောက်နေ့မနက်ရောက်တဲ့အခါ နီရဲစွာပွင့်အာ နေတဲ့ နှင်းဆီပန်းကလေးဟာ လှပတင့်တယ်နေလေတယ်။

ကြောက်စိတ်ကြောင့် တစ်ဘဝလုံး ညိုးရော်နေတာထက်စာရင် ရဲဝံ့စွာ တစ်ခဏနေရတာဟာလည်း ဂုဏ်ရှိပါတယ်။ သိမ်ငယ်ညံ့ဖျင်း လူ့ငပျင်း၊ ကြောက်စိတ်ညိုးရော် မလင်းသော၊ ရဲဝံ့ပြတ်သား အာဂလူသား။

တစ်ချက်ခြင်းရှင်းရမယ်ဆိုရင် သိမ်ငယ်ညံ့ဖျင်း လူ့ငပျင်းဆိုတာက သိမ်ငယ်စွာနေတဲ့သူ၊ သူတစ်ပါးနဲ့ယှဥ်ပြီး မိမိကိုယ်ကို သိမ်ငယ်နေသူက ညံ့ဖျင်းတဲ့ လူ့ငပျင်းဘဲ ဖြစ််လို့ဆိုလိုတာပါ။ ဘဝမှာ သိမ်ငယ်စိတ်ဖြစ်တာနဲ့အရာအားလုံးသွားပါပြီ။

ကြောက်စိတ်ညိုးရော် မလင်းသော ဆိုတာက ​မဖြစ်မှာကြောက်တဲ့စိတ်၊ မလုပ်နိုင်မှာကြောက်တဲ့စိတ်ကြောင့် မလုပ်လိုက်ရတဲ့အရာတွေ ပြီးတော့ ​မရဲတရဲ စိတ်တွေ အဲ့ဒီအရာတွေအတွက် ကြောက်နေရင် စိတ်ဓာတ်တွေညိုးရော်ပြီး မှောင်မိုက်နေမှာဖြစ်တယ်လို့ဆိုလိုတာပါ။

ရဲဝံ့ပြတ်သား အာဂလူသား ဆိုတာက ဆုံးဖြတ်ချက်တွေပြတ်သားပြီး ရဲဝံ့စွာ ရှေ့ထွက်ရဲသူ ပြဿနာ တစ်ခုခုကြုံလာတိုင်း ပြတ်သားစွာ ဆုံးဖြတ်ရဲသူက အာဂလူသားတစ်ယောက်ဖြစ်တယ်လို့ဆိုလိုတာပါ။

ဒါ့ကြောင့် စိတ်ဓာတ်တွေကို အသိမ်ငယ်မခံပါနဲ့၊ ကြောက်နေတဲ့စိတ်တွေကို လွှတ်ပေးနိုင်အောင်ကြိုးစားပါ၊ ရဲဝံ့စွာ အာဂလူတစ်ယောက်ဖြစ်အောင်နေပါ။

#မိုးနှောင်းအလင်္ကာ
(ကျန်းမာ၊ချမ်းသာ)

(စာဖတ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူး​ကျေးဇူးတင်ရှိပါသည်။)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဘာလို့ မုန်းကြတာလဲစိတ်ဓာတ်ကျနေတဲ့အခါပျင်းစရာရှိတာ အားပါးတရ အပျင်းကြီးလိုက်ပါဆင်းရဲသားလေး ဂျက်လန်ဒန်ဟိုစပ်စပ်ဒီစပ်စပ်မလုပ်နဲ့ (၁)ဖတ်နိုင်သမျှ များများဖတ်ပေးပါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်