Author's Profile Photo

ကိုလေး ( Black_sheep )

2/11/2024

ကို့ရဲ့မေတ္တာ မြင်မှာလား ( ၂ )

1 min read
Poetry


ငါ့ရဲ့ အတောင်ပံစုံတဲ့နှလုံးသား
ကြေမွပျက်စီးခဲ့ချိန်မှာ
တံခါးခေါက်သံကြားရလိုက်တယ်။

ဝင်ခဲ့ပါ ပတ္တာတွေမပျက်ပါစေနဲ့
ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်
မသိတတ်တဲ့သူတွေလာမှာစိုးတယ်။

အေးစက်စက်နဲ့ လာတဲ့ငှက်
ဪ မင်းထင်တယ်
ဘာလုပ်လုပ်အဆင်မပြေသူငါ့ကို
ပြုံးပျော်စေခဲ့တာလေ။

နှုတ်ဖျားတလှိုင်လှိုင်
မပြောဆိုနိုင်လည်း
ငါ့ရဲ့အချစ်ကို မြင်နိုင်မလား။
လက်နဲ့မခြယ်သထားတဲ့
အချစ်ပန်းချီကားလေးက
နှလုံးသားရဲ့နံရံလေးမှာလေ။

-ကိုလေး ( Black_sheep )

Keep Reading

အထီးကျန်နန်းကျဘုရင်စက်ဆုပ်ခြင်း နိယာမအဆင်ပြေသွားမှာပါဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)