Author's Profile Photo

Chancellor

28/10/2024

Chancellor Poem

1 min read
Poetry
Culture
Art
Chancellor Poem's photo

မိုး............
ရင်ထဲက အပူမီးတွေ
လောင်မြိုက်မှုအတွက်
ငါ့ရင်ထဲကို အေးမြသွားစေအောင်
ဒါက ငါ့အတွက်......
သီးသန့်ဖြစ်တည်မှုပါ......။

အလင်းတစ်ခုနဲ့ ခံယူတက်သူတွေ
လေညှင်းတစ်ခုနဲ့ ဘဝကြီးလို့ထင်နေတက်သူတွေ
ထာဝရအစွဲအလန်းကြီးသူတို့ ဘဝ
ရင်နာစရာ ဇာတ်လမ်းပုံပြင်တွေနဲ့
သူတို့ ကျော်ဖြတ်သည်။

ကမ်းပြိုလိုက်သလား
ဝမ်းနည်းစရာဟန်ဆောင်မှုတွေနဲ့
အပျော်တုတွေ ဖြစ်ဟန်တူတယ်။
ငါလည်း အတုတွေကြားထဲမှာ
ခဏ တော့ ပြုံးမိသွားတယ်။

#Chancellor(HLO)

Keep Reading

အထီးကျန်နန်းကျဘုရင်စက်ဆုပ်ခြင်း နိယာမအဆင်ပြေသွားမှာပါဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)