Author's Profile Photo

SarPhat Author

24/03/2024

အတွေးလွန်ခြင်းကမ္ဘာမှအတွေးများ

1 min read
Poetry
အတွေးလွန်ခြင်းကမ္ဘာမှအတွေးများ's photo

အမေဟာ ငါဆေးလိပ်သောက်တတ်နေတာကိုသိတယ်
အဖေရောပဲ သိတယ်။

အမေဟာ မီးပူတိုက်နေရင်းဆေးလိပ်မီးထိပြီးပေါက်နေတဲ့
အင်ကျီကိုတွေ့တော့လှမ်းပြောရှာတယ်။

သားရေ ဆေးလိပ်လျှော့သောက်တဲ့
ကျန်းမာရေးထိခိုက်လိမ့်မယ် ဒီလောက်ပဲ။

အမေ့ရဲ့စကားသံတွေဟာ ငါရှစ်တန်းကျောင်းသားဘဝ
ဆေးလိပ်ခိုးသောက်တာမိတုန်းကလောက်မကြမ်းတမ်းနေဘူး။

အမေ့ရဲ့မျက်လုံးတွေကလည်း
အဲဒီတုန်းကလောက်မစူးရှနေဘူး။

အဲဒီတုန်းကရိုက်ခဲ့တဲ့ အမေ့ရဲ့လက်ဟာ
အခုငါ့ကျောပေါ်ကိုမရောက်လာ‌ဘူး။

ဒါတွေက လွတ်လပ်သွားတာလား။
အရွယ်ရောက်လာခြင်းကဒီလိုလားဆိုတဲ့ အတွေးပေါင်းများစွာ။

paingzin

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်