Author's Profile Photo

MoeKyaw

17/10/2024

ဥပမာ..ဒီလိုညတွေပေါ့

1 min read
Poetry
Art
Creative

ခေါင်းအုံးလေးဖက်ပြီး
ငိုရတဲ့ အရသာကို မင်း မသိပါဘူး ။

မင်းက ဘယ်သိပါ့မလဲ တကယ်ချစ်မှ မချစ်ဖူးသေးတာ

လူတစ်ယောက်ကို
ချစ်ရတာ ဒီလောက်နာကျင်စရာကောင်းမှန်းသိခဲ့ရင်
မင်းကိုမှ မဟုတ်ဘူး ဘယ်သူ့ကိုမှ မချစ်မိအောင်နေခဲ့မှာ

လူတစ်ယောက်ကို ချစ်မိသွားတဲ့အခါလေ
အဲ့ဒီလူက ကိုယ့်အတွက် အရာရာဖြစ်လာခဲ့တယ်

ပြီးတော့ ...
တစ်ခုခုဆို မင်းကို ပြောပြဖို့လောက်
စိတ်အားထက်သန်နေခဲ့မိတာ

အဆင်ပြေတာရော မပြေတာရော
ဘယ်အရာမဆို မင်းကိုပဲ ပြောပြချင်နေမိတာ

ဒါပေမယ့်
မင်းက နာကျင်စေတဲ့အခါမှာတော့
သူငယ်ချင်းတွေ မိတ်ဆွေတွေကို
လျစ်လျူရှုထားမိတဲ့ ငါ့မှာ
ဘယ်သူ့ကိုမှ ရင်ဖွင့်ပြောပြလို့မရတော့ဘူး ။

ခေါင်းအုံးလေးကို ဖက်ရင်း
မင်းကလေ ငါ ဒီလောက်ချစ်တာကို
ပစ်ထားရက်တယ်လို့ ပြောပြောပြီး
ငိုရတယ် ။

ဥပမာ - ဒီလိုညတွေပေါ့ ...

#MoeKyaw

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်