Lailar

မှတ်ပုံတင်လဲတဲ့ အခါကျတော့ ပထမ မှတ်ပုံတင် လုပ်တုန်းကလောက် မဆိုးဘူးပြောရမလား။အချိန်တော့ တော်တော်ကြာလိုက်တယ်။အစကနေအဆုံး ပြန်ရှာရမယ်ပြောလို့ မှတ်ပုံတင်လုပ်တုန်းက သူတို့ယူထားတဲ့ စာရွက်စာတမ်းတွေကို ရုံးမကြီးဆီမှာ သွားယူရတယ်။တာဝန်ခံကို ဖိုင်ဝယ်ပေးရတယ်၊ခရိုင်မှူးနဲ့တွေ့ရတယ်။အချိန်အကြာကြီးစောင့်ရတယ်ပေါ့လေ။
တာဝန်ခံက ပြောတယ် "ဖိုင်သွားဝယ်ခဲ့"တဲ့။ဘယ်ဖိုင်တုန်း လုံးဝ မသိ။နောက်တစ်ခါလဲ ပြန်မေးကော မျက်စောင်းနဲ့ ကြည့်လာပါလေကော။အဲ့တာနဲ့ ဖိုင်ဆိုတာ report cardတို့ paperတို့ ထည့်တဲ့ ပလတ်စတစ်အကြည်နဲ့ ဖိုင်ဖြစ်မှာပါလေဆိုပြီး သွားဝယ်ဖို့ထွက်လာခဲ့ရော။မြို့ထဲကို တစ်ဝက်လောက်သွားရင် အဲ့လိုစာရေးကိရိယာပစ္စည်းအစုံရောင်းတဲ့ဆိုင်ရှိတယ်(လဝက ရုံးက မြို့ထဲနဲ့ ဝေးတယ်)။အဲ့ဒီဆိုင်မှာ ဖိုင်ဝယ်လာခဲ့ပြီး ပြန်လဲရောက်ကော အဲ့ဒီဖိုင်မဟုတ်ဘူးတဲ့၊ဘယ်လိုဖိုင်လဲလို့ ထပ်မေးတော့ ထထွက်သွားပြန်တယ်။ခဏလောက်ထပ်စောင့်ပြီး သူပြန်လာတော့ စက္ကူဖိုင် အကြီးကို ပြောတာတဲ့။ဝယ်ပေးလိုက်တော့မှ လုပ်စရာရှိတာ လုပ်ရင်းနဲ့ ပြောလာတယ် "အရင်က စောင့်ခဲ့ရသလောက်စောင့်ရမယ်"တဲ့။အရင်က တစ်လစောင့်ရတာ စလုပ်လုပ်ချင်းမို့လို့လေ၊အခုက ဘာလို့အဲ့လောက်စောင့်ရမှာလဲမေးတော့ ဒုညွှန်ကြားရေးမှူးကို သွားမေးတဲ့။"အေး မေးတာပေါ့" ဆိုပြီး ညွှန်ကြားရေးမှူးဆီသွားတော့ ခရိုင်မှူးကိုမေးတဲ့။ခရိုင်မှူးက အစည်းအဝေးထိုင်နေတယ်တဲ့။ဟော ဘယ်လိုတွေလား။အဲ့လိုနဲ့ နှစ်ပတ်တစ်ခါလောက် လဝကရုံးကို သွားရစ်ပြီးတော့ 18နှစ်ပြည့် မှတ်ပုံတင်လေး ရလာခဲ့ပါတယ်။
Lai ?
[13.10.24]
Keep Reading