Author's Profile Photo

ဖိုးစည်

12/10/2024

ရည်ရွယ်သူမသိပါစေနဲ့

1 min read
Poetry
ရည်ရွယ်သူမသိပါစေနဲ့'s photo


မေ့ဖို့မလွယ်၊ စိမ်းရက်သူကို
ဆုံခွင့်မကြုံ၊ လွမ်းရသူမှာ

ယုယကြင်နာ၊ ချစ်သ၀ဏ်လွှာဖြင့်
လွမ်းစာတိုရေး၊ ပန်းမာလာလေးသို့..။

နှုတ်ခမ်းစူစူ၊ မန်းသူမလေးရယ်
လက်ကမ်းယူသူ၊ ဦးသူကိုပယ်

ကုဋေကြွယ်တစ်ဦး၊ ရွှေနှင့်လှမ်းယူ
ရွှေလက်ကိုဆွဲ၊ ဓနနဲ့တွဲ
အိန္ဒြေရှင်ကြီး၊ ငွေနဲ့မြဲတော့သည်။

ဖိုးစည်

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်