Author's Profile Photo

Thoon Kari

9/10/2024

စွဲလမ်းမှုကင်းတဲ့ အချစ်

1 min read
Life Style
General Knowledge
Poetry
စွဲလမ်းမှုကင်းတဲ့ အချစ်'s photo

မပိုင်ရတာတွေ များလှတဲ့
ဒီလောက ဉယျာဉ်ကြီးထဲမှာ
မှီခိုစရာ ပခုံးလေးတစ်ဖက်တွေ့ရင်
စွဲလမ်းမှုခါးသက်သက်တွေ နေရာဝင်ယူလေတော့
ပူလောင်မှုတွေက တဟုန်ထိုး
လှလှပပနဲ့ ပင်မြင့်မှာဝင့်ကြွားလို့

စကားနဲ့သတ်ရင် သေရပါတဲ့
ရပ်ဝန်းတွေရဲ့ အဝေးဆီ
စိတ်ဆန္ဒတွေ ခရီးနှင်ချင်ပါလည်း
ဒီခန္ဓာကြီးက လိုက်မလာလေဘဲ
ခက်လှပါချည်ရဲ့ဆိုတဲ့ သူတစ်ပါးအပေါ်ထားတဲ့
ဒီသံယောဇဉ်တွေကြောင့်
အတိတ်ကမ္ဘာထဲလည်း ပိတ်မိဖူးပါတယ်လေ

အင်း...ကော်ဖီတွေလည်း အေးပြီ
ငါလည်း လက်လျော့လိုက်ပြီ
ဒီသံယောဇဉ်တွေကြောင့်
နာနာကျင်ကျင် ကြီးထွားလာရတဲ့ စွဲလမ်းမှုတွေကို
ငါကိုယ်တိုင် ပျော်ပျော်ကြီး ဖြတ်တောက်လိုက်တဲ့အခါ
ငါရှာတွေ့သွားတဲ့အရာက
ကိုယ့်ကိုယ်ကိုယ် ချစ်နည်းနဲ့
မှန်ကန်တဲ့ ချစ်နည်းပဲ။ ။

  • ကျွန်မတို့တွေက တစ်ခြားသူတွေကို ချစ်ရင်း ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့မေ့နေတတ်ကြပါတယ်။ သူတစ်ပါးကိုချစ်ရင်း အစွဲအလမ်းတွေ ကြီးလာတတ်ကြပါတယ်။ ချစ်ခြင်းက ကြည်နူးရပေမဲ့ အစွဲအလမ်းတွေကြောင့် ပူလောင်ရတတ်ပါတယ်။ ဒါကြောင့် အစွဲအလမ်းတွေ ဖြတ်ပြီး ကိုယ့်အတွက် ကိုယ့်ကိုယ်ကိုယ်ချစ်ကြပါ။ ကိုယ့်အတွက် ကိုယ်တွေးပြီး စွဲလမ်းမှုကင်းတဲ့အချစ်နဲ့ လှလှပပရှင်သန်ကြပါလို့ မှာကြားချင်ပါတယ်ရှင်။ ။


#thoonkari
#sarphat

စာဖတ်သူလေးတွေ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေရှင်?


စာဖတ်သူတစ်ယောက်ချင်းစီ တစ်ယောက်ချင်းစီတိုင်းကို အစဉ်အမြဲ ကျေးဇူးတင်လျက်...


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်း‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ