မောင်ဇင်(မှိုင်းဌာနီ)
ဆီမီးထိန်ထိန်၊သေးမှိန်မှိန်
ဘုရားပုထိုး ၊စေတီကျောင်းကန်
ဝန်းကျင်ရံ၌၊ လင်းပထွန်း၏။
မိုးလေလည်းလွတ် ဝါလည်းကျွတ်
အိမ်စီအိမ်ပေါက်၊ဝါဝါဝင်းဝင်း
စီစီရီရီ ၊လှရက်ပေ၏။
ကလေးသူငယ်၊ပေါင်းဖော်ငယ်နှင့်
ဖယောင်းခြစ်ကူ ၊ ငရဲမီးကို
မြူးထူးပျော်ပါး၊ဆော့ကြလေ၏။
ဤလပိုင်းသည်၊မိသားစုံညီ
ပျော်မွေ့ကြည်၍၊ ကုသိုလ်ကောင်းမှု
ပြုကြများထွေ၊သာဓုခေါ်၏။
မီးပုံးလည်းလွတ် ၊ သီတင်းကျွတ်
ရွှင်မြူးစရာ ၊ကောင်းလှပေ၏။
ဖောင်တိန်ဖြင့်ရှင်သန်မည့်
မောင်ဇင်(မှိုင်းဌာနီ) ၈.၁၀.၂၄
Keep Reading