Author's Profile Photo

ပြာလဲ့ရီဝေ

7/10/2024

ထာဝရ ရှင်သန်မှု

1 min read
Life Style
Art
Leadership
ထာဝရ ရှင်သန်မှု's photo

ရင်ထဲမှ
တသသံများ ၊ လွမ်းဆွတ်သံများ၊ ကြေကွဲသံများ
သူ၏ သေဆုံးခြင်းဟာ
နေရာအစုံမှ ဝှန်ဝှန်ထွက်လာစေလုအောင်
ဆွဲထုတ်ယူပြခဲ့ပါရော့လား။

သူ၏ သေဆုံးခြင်းကား
လူ့သမိုင်းဟူသည်မှာ၏ ပြယုဒ်။

မြင့်မြတ်သော သေဆုံးခြင်း။
တင့်တယ်သော သေဆုံးခြင်း။
အားကျဖွယ် သေဆုံးခြင်း။
အတုယူဖွယ် သေဆုံးခြင်း။

သူ၏ အသက်ဓာတ်သည်
သူ၏ခန္ဓာမှ ထွက်ခွာသွားသော်လည်း
လူအများရင်၌ လာစိုက်ကာ
ထာဝရ ရှင်သန်မှုသို့ကူပြောင်းခဲ့လေသတည်း။

၇.၁၀.၂၀၂၄

Keep Reading

လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဖိုးလနတ်သားဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေသူဌေးဝါဒ (၂၃)ရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုး