ကိုလေး ( Black_sheep )
ဟိုးးအနတ္တကောင်းကင်မှာ
အစက်အပြောက်တစ်ခုက
အရာမထင်သလိုမျိုး...
ဪ...ငါချစ်တဲ့ နှင်းဆီရယ်
နှလုံးသားစိတ်ရင်းနဲ့
မင်းကြည့်တဲ့အခါ
ဘယ်လောက်ဝေးဝေးမြင်ရမှာပါ။
လွမ်းရင်းနဲ့သေပါစေ
ဖြေဆေးမရှိတဲ့ဝေဒနာ
ဒီတစ်ခါငိုကြွေးတာ
အလွမ်းတွေပါရပ်သွားဖို့
ဆုတောင်းခဲ့ပါသေးတယ်။
အချိန်ကြာလေ
ပိုလောင်ကျွမ်းလေ
ပိုနက်ရှိုင်းလေပါပဲ။
ချစ်သောနှင်းဆီ...မင်းလွမ်းဖူးရင်
ကိုယ်ချင်းစာမိမှာပါ။
အချစ်ဆိုတာကို
ချစ်တယ်လို့ပြောတာထက်
လေးနက်တဲ့စကား
ဒီဘဒ္ဒကမ္ဘာမှာပေါ်လာရင်တောင်
ပထမဆုံးပြောတဲ့အသံဟာ
မင်းအတွက်ပြောတဲ့
ကိုယ့်ရဲ့အသံသာလွှမ်းစေရမယ်။
-ကိုလေး ( Black_sheep )
Keep Reading