Author's Profile Photo

Moe Min Aung

2/10/2024

သူငယ်ချင်းကဗျာ

1 min read
Poetry

သူငယ်ချင်းရေ
ငါတို့ဟာတစ်ဆစ်ချိုး
..................................
ရုတ်တရက်ပဲ
မင်းလည်းမင်ဘဝနဲ့မင်း
ငါလည်းငါ့ဘဝနဲ့ငါ
အတွေးကိုယ်စီနဲ့
ငါတို့ဟာရင့်ကျတ်ခဲ့ကြ။

သူငယ်ချင်းရေ
ငါတို့ဟာအချိုးအကွေ့
...................................
လျှပ်တစ်ပြက်ပဲ
မင်းလည်းမင်းလမ်းမင်းလျှောက်
ငါလည်းငါ့လမ်းငါရောက်
အမြင်ကိုယ်စီနဲ့
ငါတို့ဟာအသက်ကြီးခဲ့ရ။

ငါ့ကောင်ရေ
ငါတို့ဟာတစ်စိတ်တစ်ပိုင်း
.........................................
တစ်မုဟုတ်ချင်း
မင်းလည်းမင်းကမ္ဘာမှာမင်းအသက်ဆက်ခဲ့
ငါလည်းငါ့ကမ္ဘာကိုငါအဆက်ဖြတ်ခဲ့
ခံယူချက်ကိုယ်စီနဲ့
ငါတို့ဟာအိုမင်းခဲ့ရ။

သူငယ်ချင်းရေ
ငါတို့ဟာတစ်ခဏအတွင်း
..........................................
နယ်နမိတ်တစ်ခု
မင်းလည်းမင်းမာနလည်းမင်း
ငါလည်းငါ့အတ္တနဲ့ငါ
ယုံကြည်ချက်ကိုယ်စီနဲ့
ငါတို့ဟာကြီးပြင်းခဲ့ရ။

သူငယ်ချင်းရေ
ငါတို့ဟာတစ်ကွေ့တစ်ဝိုက်
.............................................
စည်းမျဥ်းတစ်ခု
မင်းလည်းမင်းအတွေ့အကြုံနဲ့မင်း
ငါလည်းငါ့အတွေးအကြံနဲ့ငါ
သဘောထားကိုယ်စီနဲ့
ငါတို့ဟာကွာဟခဲ့ရ။

ငါ့ကောင်ရေ
ငါတို့ဟာတစ်ထောင့်တစ်နေရာ
................................................
ဥပဒေတစ်ခု
မင်းလည်းမင်းအပြုံးနဲ့မင်း
ငါလည်းငါ့အပြုံးနဲ့ငါ
စကားလုံးကိုယ်စီနဲ့
ငါတို့ဟာမျိုသိပ်ခဲ့ရ။

သူငယ်ချင်းရေ
ငါတို့ဟာအစက်အပြောက်
.....................................
ကျင့်ဝတ်တစ်ခု
မင်းလည်းမင်းဂုဏ်ဒြပ်နဲ့မင်း
ငါလည်းငါ့သိက္ခာနဲ့ငါ
မျတ်နှာထားကိုယ်စီနဲ့
ငါတို့ဟာစောင့်ထိန်းခဲ့ရ။

( Moe Min Aung)

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ