Author's Profile Photo

Weya

26/09/2024

Firefly 7

1 min read
Poetry
Art
Firefly 7's photo

တွေ့နေကျ ပိုးစုန်းကြူးလေးကို
ကျွန်တော်တွေ့နေရတယ်
'ဒီအခါတော့ မင်းကိုငါလိုက်မဖမ်းတော့ဘူးနော်'
ဆိုတော့ 'ဘာလို့လဲ' တဲ့
မင်းလဲပြေးရတာမောနေသလို
ငါလဲလိုက်ဖမ်းနေရတာပင်ပန်းလာပြီ
ဒီလောက်ပဲ ဒီလောက်နဲ့ပဲတော်လိုက်ရအောင်
ငါ့အိမ်မက်တွေထဲလဲ အလည်မလာပါနဲ့တော့

ခွဲခွာခြင်းဆိုတဲ့အရာကို ကျွန်တော်တို့ဘဝမှာ အခါပေါင်းများစွာကြုံဘူးပါရက် အဲ့ခံစားချက်ကို ဘယ်လိုမှအသားမကျခဲ့ကြပါဘူး

ဆက်ပြီးမရှိနိုင်တဲ့အခြေအနေတွေ ကိုယ့်ကိုနာကျင်နေစေတဲ့ ရေစက်တွေကို ကျွန်တော်တို့ဆက်လက်ဆုပ်ကိုင်ထားသင့်ရဲ့လား

2024.9.26
-Weya-

Keep Reading

Hope or Hopelessမိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်တစ်ဝက်လူသားလေနှင်ရာ'' ကုက္ကိုပင်လမ်း "နေချင်တဲ့ ဘဝနှင်းဆီမွေး​နေ့လက်​ဆောင်