SarPhat User
အိပ်မက်ထဲကို မကြာခဏ
လာလည်တတ်တဲ့ ထိုအမျိုးသမီးငယ်၊
မင်းနဲ့ခဏတာ စကားပြောခဲ့တာတွေ
ခင်မင်ခဲ့မှုတွေကို ကိုယ်ဟာ
တွယ်တာမိနေပါလား၊
အခု တို့နှစ်ယောက်က
သူစိမ်းတွေဖြစ်နေပေမဲ့ ကိုယ့်အတွက်က
စိမ်းကားလို့မရနိုင်ဘဲ မင်းကို
တမ်းတမိတာတော့ အသေအချာပါပဲ။
#မောင်တုတ်
၁၉.၉.၂၀၂၄
Keep Reading