Default Profile Photo

SarPhat User

3/09/2024

မြန်မာနိုင်ငံကြီး နေမကောင်းပါ

1 min read

အမြင့်ကိုတက်မဲ့ ခြေလှမ်းတွေ
အမှောင်ထဲမှာ လမ်းပျောက်၊

လူငယ်တစ်စုရဲ့ စိတ်ဓါတ်တွေလည်း
ပြိုလဲကာ လမ်းပျောက်၊

ကျေးလက်နေ ပြည်သူတွေလည်း
စစ်ထဲမှာ လမ်းပျောက်၊

တိုင်းရင်းသားလူမျိုး အချင်းချင်း
ရင်းနှီးမှုတွေပပျောက်။

ကြပ်တည်းမှုတွေဟာ
မှိုလိုပေါများလာ၊

ယဉ်ကျေးမှုတွေဟာလည်း
လေလွင့်ပပျောက်လာ၊

အသိတရားတေဟာလည်း
လူတွေကြား ခေါင်းပါးလာ၊

မြန်မာနိုင်ငံကြီး အရင်လို
နေမကောင်းပါ။

လူငယ်အများစုဟာ
အရေးမပါတဲ့ ကဏ္ဍတွေမှာ
အလေးပေး၊
အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့
သူတို့မတွေး၊

အနာဂတ်ရည်မှန်းချက်တွေဟာလည်း
မရနိုင်သလိုဖြစ်၊
ဒါဟာ ၂၁ ရာစုရဲ့
ဒုက္ခအသစ်။

နိုင်ငံရေးအလှည့်အပြောင်းရဲ့ ဒဏ်ဟာ
ပြင်းထန်တဲ့ ရိုက်ခတ်ချက်၊

ပြည်သူတွေဟာလည်း
ယုံကြည်မှုတွေပပျောက်လာ၊

ပြုပြင်ကြဖို့မတွေးဘဲ
ရှောင်ထွက်သူတွေဟာ များလာ၊

ငါတို့နိုင်ငံကြီးလည်း
ဓါးသွားထက်က ပျားရည်ပမာ။

ပိတောက်ပန်းကလေးဟာ
အရင်လို လှပစွာ မပွင့်လန်းတော့၊

ဒီမြေမှအနာဂတ်မျိုးစေ့တို့ဟာ
တပါးသောမြေသို့ပြောင်းရွေ့လာ၊

ဘာသာတရားယုံကြည်မှုလည်း
ပျောက်ကွယ်မလှ ယိမ်းယိုင်၊
စီးပွားရေးအခြေခံ အုတ်မြစ်မှာ
ချို့တဲ့ လို့နေပေါ့။

ပညာရေးစနစ်ဟာ ဘဝအာမခံချက်မဲ့ကာ၊
လူငယ်တွေဟာလည်း စာရိတ္တတွေ မဲ့လာ၊
ငါတို့အမိနိုင်ငံကြီးလည်း
အရင်လို နေမကောင်းပါ
မောင်တုတ်#

Keep Reading