Author's Profile Photo

အက္ခရာ - Haruki

12/03/2024

Stick Insect

1 min read
Education
General Knowledge
Culture
Stick Insect's photo

ဩစတေးလျမျိုးရင်းဖြစ်တဲ့ Stick insect တွေကိုဩစတေးလျမိုးသစ်တောများနဲ့ အပူပိုင်းနေရာအများအပြားတွေ့ရပြီး လမ်းလျောက်တဲ့ တုတ်ချောင်းများ (သို့ ) ဆူးပါတဲ့သစ်ရွက်ပိုးများလို့လည်း လူသိများကြပါတယ်။

အမများဟာ အထီးများထက်အရွယ်အစားကြီးမားပြီး ခန္ဓာကိုယ်ကိုကာကွယ်ရန်နဲ့ဖုံးကွယ်ရန်အတွက် ဆူးနဲ့တူတဲ့အချွန်များဝန်းရံထားပါတယ်။ အင်းစက်အထီးများဟာတော့ သူတို့မျက်နှာတစ်ဝိုက်ရှိဆူးများမှလွဲပြီး ဆူးတောင်တို့ရဲ့ကြီးထွားမှုမရှိပါဘူး။

အထီအမနှစ်မျိုးစလုံးမှာ ♨️

အန္တရာယ်တစ်စုံတစ်ရာကြုံတွေ့ရပါကရှေ့နဲ့အလယ်ခြေထောက်များကို အသုံးပြုကြပြီး ကင်းမြီးကောက်ပုံစံဖြင့်လည်ကောင်း၊ အသေကောင်ဟန်ဆောင်ကာ ပုတ်ဆော်နံသောအရည်များထုတ်၍သော်လည်းကောင်း မျိုးစိတ်အလိုက်လည်ခြိမ်းခြောက်တတ်ကြပါတယ်။ သက်တမ်းအရ အမများမှာတစ်နှစ်ခွဲ၊ အထီများမှာ ၆ - ၈ လအထိသာအသက်ရှင်နိုင်ကြပါတယ်။

ပညာရှင်တို့ရဲ့လေ့လာတွေ့ရှိချက်များအရ ‼️

ကမ္ဘာပေါ်မှာတုတ်ချောင်း အင်းဆက်မျိုးစိတ်ပေါင်း ၃၀၀၀ကျော်ရှိပြီး အချို့မျိုးစိတ်များမှာ ၂၁ လက်မကျော်ရှည်လျားကာ ကမ္ဘာအရှည်ဆုံးအင်းဆက်မျိုးစိတ်များတွင်ပါဝင်နေကြောင်းလည်းသိရပါတယ်။

? - https://t.me/Wonderful_Knowledge_by_Haruki

#Insect
#Haruki

Keep Reading

နဂိုရှိမှ နဂိုင်းထွက်ထူးဆန်းတဲ့လောကနောက်ဆုံးတော့ မြည်းဟာမြည်းပါပဲသူများပြောတိုင်းမယုံနှင့်စာသင်ကျောင်းသည် မြင်းဇောင်းမဟုတ်ထင်ရာမြင်ရာ ဝင်ပါကြသောအခါတက်ညီလက်ညီ ပန်းတိုင်ဆီသို့My Life Notesပညာရှိတို့စကား မှတ်သားစရာကဲ ဘာလုပ်ကြမလဲ