Author's Profile Photo

SarPhat Author

8/03/2024

The Mere Exposure Effect

1 min read
Marketing
The Mere Exposure Effect's photo

“ငါက ဗိုလ်အောင်ဒင် နင်ကဒါကိုမမြင် “ အဲ့ဒါဘယ်သူဆိုတာလဲ ။?
“Just Do it “ ဒါဟာ ဘယ် Brand ရဲ့ Slogan လဲ ။?
ပန်းသီး တခြမ်းကိုက် ဆို ဘယ် Brand လဲ ။ ?
“နဂါးပူးပြီဟေ့ “ ဆိုတာနဲ့ မျက်လုံးထဲ ဘယ်သူအရင်ဝင်လာလဲ ။ ?

✨သူတို့ အားလုံးဟာ “ The Mere Exposure Effect “ ကြောင့် သူသိများ ၊ အောင်မြင်နေတဲ့ Brand တွေ ၊ လူတွေပါ ။ သိရဲ့သားနဲ့ အသုံးပြုတာနဲ့ မသိဘဲနဲ့ အသုံးပြုလိုက်မိတာပဲကွာသွားပါတယ် ။

♻️ဒါကို ကျွန်တော်ကတော့ “ မြင်ဖန်များတော့ချစ်မိသွားတဲ့ Effect “( ဝါ ) “ The Mere Exposure Effect “ လို့ ခေါ်ပါတယ် ။
လူတွေဟာ သူတို့ခဏခဏ မြင်တွေ့နေရပြီး Familiarity ( ရင်းနှီးမှု ) ရှိတယ်လို့ခံစားလာရတဲ့ အရာတွေကို သဘောကျလာတတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေနေတစ်ခုရှိပါတယ် ။ ဒါကြောင့် “Familiarity Breeds Favor-မြင်ဖန်များက ချစ်ကျွမ်းဝင်”ဖြစ်ကြပါတယ် ။

ဒီအချက်ကို သိတဲ့ လုပ်ငန်းရှင်တွေ ၊ Brand တွေ ၊ Marketer တွေကောင်းကောင်းအသုံးချပြီး ကျွန်တော်တို့ရင်ထဲမှာနေရာယူကြပါတယ် ။

?Mere Exposure Effect ရဲ့ အဓိက လျို့ဝှက်ချက်ကတော့ “ အဆက်မပြတ် ဖန်တီးခြင်း “ပါပဲ ။?

Mere Exposure Effect အသုံးပြုဖို့အတွက်ဆိုရင်တော့

၁ ။Consistency and Repetition ရှိဖို့လိုအပ်ပါတယ် ။
ကြော်ငြာလေးတစ်ပုဒ်တင်လိုက် ၊ ပျောက်သွားလိုက်နဲ့ဆိုရင်တော့ ဘယ်သူမှကိုယ့်ကို မှတ်မိမှာမဟုတ်ပါဘူး ။ဒါကြောင့် Product တွေ ၊ Branding တွေ လုပ်တဲ့အခါ ပုံစံအမျိုးမျိုးနဲ့ စဥ်ဆက်မပြတ်ဖန်တီး ထိတွေ့နေဖို့လိုပါတယ် ။

၂ ။ Social Proof အသုံးပြုဖို့လိုအပ်ပါတယ် ။
Social Proof ကို တနည်းအားဖြင့်ပြောရရင် Review တွေပေါ့ ။ ကိုယ်အရင်မသုံးခင် ဒီ Product ၊ ဒီ Sevice တွေကို ဘယ်သူတွေသုံးပြီး ဘာတွေပြောသလဲဆိုတာသိချင်ကြတယ် ။ အဲ့တော့ Customer Review တွေကို “Mere Exposure Effect “ နဲ့တွဲပြီးသုံးလိုက်တော့အခါမှာတော့ လူတွေလည်းမှတ်မိလာမယ် ၊ယုံကြည်မှုတွေလည်းပိုပြီးတိုးလာစေပါတယ် ။

၃. Retargeting ပြုလုပ်ဖို့လည်းလိုပါတယ် ။
တစ်ခါတည်းနဲ့တော့ မှတ်မိဖို့မလွယ်ပါဘူး ။ဒါကြောင့် Faceook ၊ Google စတဲ့ နေရာတွေမှာ Retargeting ဆိုတာပါပါတယ် ။ Ad ရောက်ပြီးသား သူတွေကိုစီ ထပ်ရောက်အောင် Retargeting Campaign တွေ run ပါ ။

⚠️“The Mere Exposure Effect “ ဟာ သုံးတတ်ရင်တော့ Powerful အရမ်းဖြစ်တဲ့ Marketing Psychology တစ်ခုဖြစ်ပြီး မသုံးတတ်ရင်တော့ အတော်လေးဒုက္ခများစေပါတယ် ။ ⚠️
လူတွေမှတ်မိစေချင်ရုံနဲ့တော့ ဗရုသုတ်ခသွားလုပ်မိရင်တော့ လူတွေရဲ့စိတ်ထဲမှာ အမြဲတမ်းအဲ့ဒါကြီးကြည့်စွဲပြီး Brand Reputation ( ဂုဏ်သတင်း) ကျစေပါတယ် ။
ဆိုပါစို့ - ပစ္စည်းမြန်မြန်ပေါက်ချင်တာနဲ့ပဲ ကိုယ့် Product နဲ့မကိုက်တဲ့ ကြော်ငြာတလွဲကြီးတွေ ၊ Influencer တွေအလုပ်သွားလုပ်မိရင်တော့ ဒုက္ခများသွားနိူင်ပါတယ် ။

ဒါကြောင့် Marketing လုပ်တဲ့အခါ ကိုယ့် ဖောက်သည်တွေ ၊ ပရိသတ်တွေအပေါ် “ Ethic နဲ့ Respect “ထားပြီး နည်းဗျူဟာတွေ ဖန်တီးဖို့လိုပါတယ် ။

ချစ်ခင်စွဲလန်း Mere Exposure အစွမ်းကို သေချာ အသုံးပြုပြီး လုပ်ငန်းတွေအောင်မြင်နိုင်ကြပါစေခင်ဗျာ ။

နောက်ရက်တွေမှာ Marketing ၊ Branding နဲ့ဆိုင်တဲ့အကြောင်းအရာတွေဆက်တိုက်တင်ပေးနေမှာမလို့ Follow လုပ်ထားပေးပါအုန်း ။

#nebwintour #mereexposureeffect #marketing #branding#mediabuying #youcanstophere

Keep Reading

B2B Marketing ဆိုတာ ဘာလဲ ?What is Digital Marketing?◾လုပ်ငန်းတိုင်း ဖန်တီးထားသင့်တဲ့ Content Type (1) ခုလုပ်ငန်းပိုင်ရှင်တိုင်းသိကိုသိရမည့်Marketing နဲ့ ပတ်သက်တဲ့ အမှန်တရား 5 ခုစျေးရောင်းမကောင်းဘူးဆိုရင် PAS နဲ့ စမ်းကြည့်စေချင်တယ်Personal Branding တည်ဆောက်ခြင်းPersonal Finance ကို နားလည်လေ ငွေကြေးဆိုင်ရာစိတ်ချရမှုပိုရှိလေပဲ ◾"အောင်မြင်သော Branding အတွက် Easy Tips (7) ချက်"သင်မသိသေးတဲ့ စီးပွားရေးဆိုင်ရာ လျှို့ ဝှက်ချက်။ Macroeconomic အကြောင်းတစ်စေ့တစ်စောင်း။စာအုပ်ထုတ်ဝေခြင်း အနုပညာ ?