Yu
ကျွန်မခဏခဏ စိတ်ကူးယဥ်မိနေတဲ့ အရာတခုရှိတယ် အဲ့ဒါကတော့ အတိတ်ကို အချိန်ခရီးသွားတာပါ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကို သွားပြီး ကိုယ် မှားခဲ့တဲ့ အရာတွေ ကိုယ် မလုပ်လိုက်ခဲ့ရတဲ့ အရာတွေကို ပြန်ပြင်တာပါ ... ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ အရာကြီးပါရှင်...
တကယ်တော့ လူ့ဘဝကြီးက လက်တွေ့ဆန်တယ်ရှင့် ... တချို့အရာတွေကကျ ပြန်ပြင်ချင်တယ်ဆိုရင်တောင် ပြင်လို့ မရတော့ဘူး ...ကောင်းကောင်းဆိုးဆိုး ဘဝရဲ့ အတိတ်အဖြစ်သာ တပြေးညီတည်း လက်ခံလိုက်ရတာ ...
ကျွန်မတို့ ဘဝမှာ မဆုံတွေ့ခဲ့ရင် မပတ်သက်ခဲ့ရင် ကောင်းမှာပဲ ဆိုတဲ့ လူမျိုးတွေလည်း ရှိတယ် ... ကျွန်မရဲ့ စိတ်ကူးကမ္ဘာထဲမှာတော့ ကျွန်မ ရှောင်နိုင်ခဲ့တာပေါ့ ... လက်တွေ့မှာတော့ အတိတ်အဖြစ် ကျန်ရစ်ခဲ့ရတဲ့ ကျွန်မရဲ့ ရေစက်ဆိုးတွေပေါ့ရှင် ...
ကျွန်မတို့တတွေဟာ ဘဝကို ရှေ့ဆက်ပြီးသာ လျှောက်လှမ်းကြရတာပါ ... ဟိုလူပါမှ ဒီလူပါမှ ဆိုတာမျိုးမဟုတ်ဘဲ ကံကြမ္မာက ပေးလာသမျှ အခြေအနေတွေနဲ့ ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေပေါ်လိုက်ပြီး ကိုယ့်နည်းကိုယ့်ဟန် ဖြေရှင်းရင်း ခရီးဆက်ရတာပါပဲ ... ဒီတော့ ကျွန်မတို့ ဝန်တွေကို တတ်နိုင်သမျှ ပေါ့နေဖို့တော့ လိုတာပေါ့ လွှတ်ချသင့်တာတွေ လွှတ်ချဖို့လိုတယ် ကျွန်မတို့တတွေ ကိုယ့်အတွက် အမှိုက်သာသာ ဝန်တွေကို လွှတ်ချထားခဲ့ရမယ် ... ဒါမှသာ ကျွန်မတို့ရဲ့ ခရီးမှာ လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်မှာ မဟုတ်လား ...
ကျွန်မကတော့ နောင်တတွေ တပွေ့တပိုက်နဲ့ ဘဝကို ရှေ့ဆက်မလျှောက်ချင်ဘူး ... ရခဲလှတဲ့ လူ့ဘဝ တိုတိုလေးမှာ ကျွန်မလည်း ပျော်ရွှင်ဖို့ ထိုက်တန်တယ်လေ ... ဒီလိုပဲ နားလည်လိုက် သင်ခန်းစာယူလိုက်နဲ့ပဲ ပျော်ပျော်ကြီး ရှေ့ဆက်ရတာပေါ့ ...
ဒါပေ့မယ့် ဘဝမှာ ဆိုးတာတွေချည်းပဲ ရှိတာတော့လည်း မဟုတ်ပါဘူးလေ ... ကျွန်မတို့အတွက် ဆုလာဘ်လို့ပဲ ပြောရမလား ... ကောင်းခြင်းတွေဟာလည်း ရှိနေတတ်ပါတယ် ...မြင်အောင်ကြည့်တတ်ဖို့တော့ လိုတာပေါ့ရှင် ...လောကမှာ လူဆိုးလည်း ရှိသလို လူကောင်းတွေလည်း ရှိပါတယ် ... ကျွန်မတို့ကို အပေါ်ယံမဟုတ်တဲ့ မေတ္တာမျိုးတွေ ပေးနိုင်တဲ့ လူတွေနဲ့လည်း ကြုံရနိုင်တာပါပဲ ... အဲ့ဒီလိုလူမျိုးနဲ့ ကြုံတွေ့လာခဲ့ရင်လည်း ကျွန်မတို့ ဘက်က ပြန်ပြီး ကောင်းသော တုံ့ပြန်ခြင်းတွေ ပေးတတ်ရပါမယ် ...
တိုတောင်းလှတဲ့ ဘဝ တစ်ခုမှာ ကျွန်မကတော့ စိတ်ချမ်းသာချင်တယ် ... အေးချမ်းချင်တယ် ... စာဖတ်သူတို့လည်း ကောင်းသောအရာတွေ ကောင်းသောလူတွေနှင့်သာ တွေ့ရပြီး အစစ အရာရာ အဆင်ပြေချောမွေ့ကြပါစေရှင် ...
မေတ္တာဖြင့်
ယု
NO.11
Keep Reading