Author's Profile Photo

Moonlight For You

15/01/2024

နေကြာပန်းကလေးရဲ့ ဖွင့်ဟဝန်ခံချက်

1 min read
Poetry
Art
နေကြာပန်းကလေးရဲ့ ဖွင့်ဟဝန်ခံချက်'s photo

နေမင်းကြီးရေ....
တို့ဟာမြေ‌ပြင်စိုက်ခင်းလေးထဲက သာမန်ပန်းလေးတစ်ပွင့်ပါ....
တို့ဘဝက သနားစရာ ဖြစ်တည်မှုဆိုပြီး လူတွေက ဂရုဏာသက်ကြတယ်....
တကယ်တော့ တို့ဟာ နေမင်းကြီးကို ထာဝစဉ် မျက်နှာမူနေပြီး သစ္စာရှိခြင်းကို ကိုယ်စားပြုတယ်....
ပူပြင်းတဲ့ နေရောင်ခြည်ကို အံတုနေရလို့ သည်းခံခြင်းကိုကိုယ်စားပြုတယ်....
နေမင်းကြီးမထွန်းလင်းနိုင်တဲ့နေ့တွေဆို တို့မပျော်ဘူး
တို့ဘဝရဲ့ ဖြစ်တည်မှုဟာ နေမင်းကြီးကြောင့် အဓိပ္ပါယ်ရှိနေတာပါ....
နေမင်းကြီးရဲ့ နွေးထွေးတဲ့ အလင်းရောင်တွေရတဲ့အခါ လှပတဲ့ အဝါရောင် ပွင့်ဖတ်လေးတွေနဲ့ လိပ်ပြာလေးတွေ ပျားပိတုန်းလေးတွေကို ချိုမြိန်မှုတွေ ဝေမျှပေးနိုင်လို့ မေတ္တာလို့လည်း ဆိုနိုင်တယ်.....
တကယ်တော့ တို့ရဲ့ဖြစ်တည်မှုဟာ နေမင်းကြီးအတွက် သေးငယ်တဲ့အရာလေးဖြစ်နေပြီး....
တို့အတွက်ကတော့ ဖြစ်တည်မှုလို့ မေးလာခဲ့ရင် နေမင်းကြီးလို့ဘဲ ဖြေလို့ရတဲ့အထိ ဘဝကြီးကိုပေးဆပ်ထားတာပါ...
တကယ်လို့ တို့များနေကြာပွင့်ကလေး ကမ္ဘာမြေစိုက်ခင်းလေးထဲက ကွယ်ပျောက်သွားတဲ့အခါ ခဏတာဖြစ်တည်မှုလေးနဲ့ စစ်မှန်သော ခံစားချက်တွေကို ထုတ်ပြခဲ့တာမလို့
မျှော်လင့်ခြင်းကို ကိုယ်စားပြုပြီး မေးလိုက်ပါရစေ
တို့ကို သတိရမယ်မလား????
ဖြစ်တည်ချိန်ကစလို့ ပျက်သုန်းချိန်ထိ နေမင်းကြီးကိုသာ ချစ်ခဲ့သူမို့ လူတွေ ဘယ်လိုဘဲ ဂရုဏာသက်ပါစေ
တို့များနေကြာလေးကတော့ လှပစွာပွင့်လန်းခဲ့ပြီးသစ္စာတရားကိုလက်ကိုင်ထားကာ ချစ်တဲ့အကြောင်းတွေကိုတေးသီကျူးခွင့်ရလို့ ဂုဏ်ယူစွာနဲ့ဘဲ သဘာဝကြီးကို နှုတ်ဆက်ခဲ့ပါတယ်....
အကယ်၍များ ပြန်လည်မွေးဖွားခွင့်ရှိရင်လည်း နေကြာလေးဘဲဖြစ်ချင်တယ်.....


Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ