Author's Profile Photo

Briann

7/08/2024

Motivation အပေါ်အမြဲလိုလို မှီခိုနေတုန်းလား။

1 min read
Life Style
General Knowledge
Culture
Motivation အပေါ်အမြဲလိုလို မှီခိုနေတုန်းလား။'s photo

ကျွန်တော်တို့တစ်တွေ Facebook သုံးရင် newsfeed မှာ

 “စာမေးပွဲနီးနေပြီမို့လို့ စာလုပ်ဖို့မိုတီလေးပေးကြပါဦး”
“ပျင်းနေလို့ မိုတီလေးပေးကြပါဦး”

ဆိုပြီး မကြာခနတွေ့ဖူးကြလိမ့်မယ်
ထင်ပါတယ်။ 
တကယ်လို့ မိုတီပေးလိုက်ရင်ရော စာမေးပွဲအတွက် စာတွေကို စိတ်ပါလက်ပါကျက်နိုင်မှာလား ?

အဖြေကတော့ ကျက်တော့ကျက်နိုင်ပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဥပမာ တစ်ဘာသာလောက်ပြီးလို့ စာလုပ်ချင်စိတ်ပျောက်သွားရင်ဆက်လုပ်ဖြစ်မှာမဟုတ်ပါဘူး။ စာဆက်လုပ်ဖြစ်ရင်တောင် စိတ်မပါတော့တဲ့အတွက် ၅မိနစ်နဲ့ ရရမဲ့ ပုစ္ဆာတောင် မိနစ် ၃၀ လောက်ကျက်ရမှာပါ။

တကယ်တော့ motivation ဆိုတာ 
ကိုယ့်ကို ခနတာ စိတ်ခွန်အားပေးတဲ့ အရာလို့ဆိုရမှာဖြစ်ပါတယ်။
ဆရာ James Clearရေးထားတဲ့ “Atomic Habits” ဆိုတဲ့စာအုပ်ထဲမှာ ဆရာဘယ်လိုရေးထားလဲဆိုတော့

“Motivation ဆိုတာခနတာအလည်ဝင်ပြီးပြန်ထွက်သွားတတ်တဲ့အရာပါ။ စစချင်းမှာတော့ကိုယ်လုပ်ချင်တာကိုလုပ်ချင်စိတ်တွေ အရမ်းဖြစ်လာပြီး ခနအကြာမှာဘဲ အဲ့စိတ်ကပျောက်သွားနိုင်ပါတယ်”


Motivation က လုံးဝမလိုဘူးဆိုတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ အဲ့လ်ို short-term motivation ကိုအမြဲမှီခိုနေမဲ့အစားဘယ်လို နည်းမျိုးသုံးရမလဲ။

ငယ်ငယ်ကကျွန်တော်တို့ကို မိဘတွေက “ကိုယ့်ကိုယ်ကိုယ် စည်းကမ်းရှိအောင် နေကြ” ဆိုပြီးပြောဖူးကြပါလိမ့်မယ်။ 
အဲ့စကားအတိုင်းဘဲ စည်းကမ်း/ 
အကျင့်(Discipline) ဆိုတဲ့ အရာကို သေချာအသုံးပြုတတ်အောင်ကျင့်တတ်ရပါမယ်။
ဒီနေရာမှာ Discipline ဆိုတာ ကိုယ်မလုပ်ချင်တောင် နောင်ကိုယ်ပြန်ရမဲ့ reward အတွက် မလုပ်ချင်တာတောင်ကြိုးစားလုပ်ကြတာကိုပြောတာပါ။
Former Navy SEAL, marathon runner, motivational speaker တစ်ဦးဖြစ်တဲ့ David Goggins တောင် ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ဆို Disciplineကောာင်းကောင်းရှိဖို့က အရေးကြီးကြောင်းပြောခဲ့ပါတယ်။
ဆရာ James Clearလည်းDiscipline အကြောင်းကိုလည်း ဘယ်လိုရေးထားလဲဆိုတော့

“Self-Discipline ဆိုတာ အရမ်းအရေးကြီးတယ်။ အဲ့အရာတစ်ခုထဲကဘဲသင့်ကို အောင်မြင်မှုတွေရအောင် လုပ်ပေးနိုင်မှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းနည်းနာကျကျနေတဲ့လူတွေတောင် အဲ့လိုစည်းကမ်းကျကျအမြဲနေနိုင်ဖို့က အတော်ခက်ပါတယ်”


ဒါကြောင့် ကျွန်တော်တို့ရဲ့ 
self-discipline ကို အတတ်နိုင်ဆုံး developဖြစ်အောင်ကြိုးစားပြီး တိကျတဲ့ goal ၊ Discipline ၊ Persistence တို့နဲ့ အောင်မြင်မှုတွေဆီရောက်ဖို့ အခြေခံကောင်း”တည်ဆောက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာ။ ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)