SarPhat Author
အမြင်တွေဝေဝါးနေတဲ့ ခိုငှက်တစ်ကောင် ပြိုလဲခွင့်ရချင်နေတဲ့ ကောင်းကင်ကတိမ်တအုပ်။ ကမ်းမမြင်လမ်းမမြင် သွားလာလှုပ်ရှားနေကြတဲ့ လေရူးတွေ။ တစ်ရွေ့ရွေ့ ဆက်လျှောက်ခွင့် မရှိတော့တဲ့ နေ့ရက်တွေမှာ ကျွန်တော် ခံနိုင်ရည်အပြုံးနဲ့ ဟန်ဆောင်နေမယ်။
သစ်တစ်ပင် တောတစ်အုပ် မြူတစ်အုပ် ။ ထပ်တူကျခွင့်မရတော့တဲ့ ဆံနွယ်တွေရဲ့ ဘာသာစကား ကျွန်တော် နားလည်သယောင်ရှိလာတယ်။ အဝေးရောက်တိမ်လွှာတွေ ပင်လယ်ထဲရွက်လွှင့်ထားသလို တစ်စတစ်စ ဝေးကွာခြင်းမှာ စိတ်လိုက်မာန်ပါ ငိုခွင့်မရှိတော့တဲ့ နေ့ရက်ကလေး။
တစ်ခါက စိုက်ပျိုးခဲ့ဖူးသော ကျူးလစ်ပန်း
အလွမ်းတွေ ဝေဖြာနေသော နွေရောင်ညများ
သူလိုငါလို အပြန်အလှန် လက်ယှက်မခေါ်ဖြစ်ကြတော့တဲ့အခါ အဖျားနာကျနေတဲ့ လမ်းမီးတိုင်ဝါကျင်ကျင်အောက်က စကားပွင့် ။
အသိုက်မရှိတော့တဲ့ မြေသင်းနံ့တွေ အေးခဲနေတဲ့ ဆောင်းမနက်ခင်း ။ ဒီဘဝမှာ အထက်တန်းကျကျ အလွမ်းနဲ့ မေတ္တာတွေ အခြေခံထားတဲ့ မိုးကကြယ်များ။
ဒီတစ်ညလည်း မတည်နိုင်တဲ့ ဂတိစကား ။အိပ်တန်းတက်တော့မဲ့ ငှက်ကလေးတစ်ကောင်ရဲ့
ရင်နစ်ဖွယ်ရာ အလွမ်းတွေ သီကျူးနေပုံ။ မြူနှင်းတွေဖုံးလွှမ်းနေတဲ့ မနက်ခင်းတစ်ခုနဲ့ ကမ္ဘာပြိုနေသူတစ်ဦး။ ဘာများ ထူးခြားနေမလဲဆိုပြီ ပုစ္ဆာတစ်ခုလို အဖြေရှာတွက်ချက်နေတဲ့ ကြယ်တာရာ ။ ပြန်မဆုံနိုင်ဖို့ကိုပဲ ဟောကိန်းထုတ်ထားတဲ့ တစ်သက်စာ ကံတရား။
အနေအေးလာတဲ့ ဆက်ဆံရေး။ ဆောင်းခိုတော့မယ့် ခိုငှက်တစ်ကောင် ။ အပြုံးချိုချိုနဲ့ ကျွန်တော့်ရဲ့
မိန်းမပျိုထံသို့ ပို့ပေးခဲ့ဖူးသော နှလုံးသား။ ခရမ်းရောင်မနက်ခင်း စနေရောင်ပန်းတစ်ပွင့် မိုးခိုသွားကြတဲ့မျက်ဝန်းတစ်စုံ ။
တစ်ထောင့်တစ်ည အစိတ်အပိုင်းကလေးများ ၊
လွမ်းမောဖွယ်ရာတွေ ကျန်ရစ်ခဲ့မဲ့ ခရီးရှည်၊
ချစ်စိတ်တွေ တိုးပွားစေခဲ့တဲ့ ငှက်ကလေးတွေရဲ့
ဂီတသံ ခပ်တိုးတိုး၊
ပျော်ရွှင်ပါစေ ကြည်နူးပါစေ ။
ငါကတော့ နွေဦးရဲ့လက်ကျန်အပူချိန်လေးလို။
ဒီကဗျာသည် ခင်ဖုန်းသက်ဝေဖတ်ဖို့နွေနဲ့ G Fattရဲ့ သို့သီချင်းတို့မှ ပြန်ပြီးပြုစုထု ရေးသားထားပါတယ် မူပိုင်များကို လေးစားစွာ crd ပေးပါတယ်။
-Joy(ဘုန်းမိုးသွန်း)
Keep Reading