SarPhat Author
အချစ်က ချစ်တတ်ရင် ပျော်စရာတွေရတဲ့အခါရှိသလို မချစ်တတ်ခဲ့ရင် နောင်တကိုယ်စီ ရတတ်တာလည်းရှိကြတယ်။ လိုအပ်တာထက် ပိုပြီးအတွေးလွန်နေတော့ ငါ့ကိုယ်ငါပြန်သတ်နေသလိုဖြစ်နေတယ်။ တကယ်ရူးချင်တာပဲ။ပြောပြနေတဲ့ စကားတွေ ရင်ဖွင့်နေတာတွေ ထပ်တူမကျတဲ့လူတွေကြားမှာ ကိုယ်ဟာအရူးတစ်ယောက်လိုပါပဲ။ဆက်လျှောက်မဲ့နေ့ရက်တွေမှာ ကိုယ့်အနာဂတ်တွေ ဝဲဂယက်ထဲပစ်ချခံရသလို မင်းကိုယ့်အပေါ် နာနာကျင်ကျင်မုန်းပစ်တယ်။
ညတွေဆို အမှောင်တွေကြောင့်စိတ်ပျက်ပေမယ့် တစ်ရိပ်ရိပ် တက်လာတဲ့ လမင်းကိုကြည့်ပြီး အထီးကျန်ခြင်းနဲ့အရာရာကို မေ့ပစ်ထားတယ်။ မင်းစိတ်နဲ့ အားပြန်ယူပြီးမင်းကိုချစ်တယ်လို့ငါပြောနေတုန်းပဲ။အသက်ဝိဉာဥ်တွေမှေးမှိန်လာတယ်။တစ်ယောက်ထဲ အခန်းအလုံပိတ်ပြီး စိတ်တွေက ပင်လယ်ပြင်ဆီရောက်ချင်ရောက်နေမယ်။ တိမ်တွေဆီရောက်ချင်ရောက်နေမယ်။လူတွေက အချစ်စစ်မတွေ့ကျတော့တာမဟုတ်ဘူး။ အချစ်ကိုတန်ဖိုးမထားတတ်တော့ အစစ်အမှန်တွေ ရှားပါးလာတာ ဘဝလိုဖြစ်နေပြီး။
ဒီသံသရာကမလွတ်သရွေ့ ငါတို့ဟာ အချစ်ရဲ့အဝေးမှာ မနေနိုင်ဘူး ။ မင်းကိုသတိရရင် ငေးဖို့ ပန်းကလေးတွေစိုက်ထားတယ်။ ဖြစ်လွယ် ပျက်လွယ်နဲ့ ထွက်ခွာသူတွေက ငါ့အနားကထွက်ခွာနေခဲ့ပြီး။ကိုယ်တို့ချစ်ခဲ့ကြတယ်လို့ မင်းအတွေးထဲရောက်လာတဲ့အခါ မီးခိုးတစ်လွင့်လွင့်အဖြစ် လွင့်ထူခွင့်ပေးလိုက်ပါ။
စိတ်တွေ ယောင်လည်လည်ဖြစ်နေတဲ့အခါ ပျော်စရာတွေ ကိုယ့်ဆီကထွက်သွားလိုက်တာကလည်း များနေပြီး။ ပြန်လာမှာ မသေချာတော့ မင်းနာမည်ကိုလည်း အကျယ်ကြီးအော်ပစ်ဖို့ အားတွေနည်းလာသလိုပဲ။ ကံတရားကပြောတယ် ဆုံနေလျက်နဲ့လွမ်းလေခြင်းတဲ့။
နေရာတစ်ခုရောက်တိုင်း ဆက်သွားခွင့်မရှိလို့ ပြန်လည်ချိုးကွေ့ခဲ့ရတာခရီးတွေ။ နားလည်ရခက်တဲ့ ညစဥ်အတွေးတွေ။ တောင်စဥ်ရေမရ စကားလုံးတွေ။
ပိုင်ဆိုင်ခွင့်မရတဲ့ အိမ်မက်တွေ။ ငါတို့ဝေးဖို့ နေတွေဝင်သွားတယ် တစ်နေ့တာမှာ...
မချစ်မနှစ်သက်သောသူနဲ့ ဆုံခွင့်ရမဲ့ဒုက္ခကို ကိုယ့်ဘဝထဲမှာ ထပ်မရှိစေချင်တော့ဘူး။ ငါ့ကိုယ်ငါချစ်တတ်လာတဲ့ တစ်နေ့ ဒီကမ္ဘာက အလှတရားတွေနဲ့ တစ်ထပ်ထဲဖြစ်ချင်ဖြစ်နေမယ်။ မြင်နေသမျှအရာရာကို မင်းပါလို့ငါထင်နေတယ် ။ ငါ့နှလုံးသားဟာ အမှတ်မရှိခြင်းတွေကိုပဲ သီးသန့်ယူနေမိတယ်။
တစ်စုံတစ်ယောက်ကို တကယ်ချစ်လာတဲ့အခါ
တိမ်တွေလို အဝေးရောက်သွားတယ်။ ဖြစ်ပြီးရင်ပျက်ဆိုတဲ့အတိုင်း ချစ်ပြီးရင်လည်း ခွဲရတာပါပဲ။ ဒီနှစ်တွေမှာ တစ်မြို့လုံး အသည်းကွဲစာစောင်တွေ ပြည့်နှက်နေတယ်။ရင်ခွင်ထဲအပြီးလာမလို့လမ်းခရီးအဆင်ပြေလားမေးပြီး အသည်းကွဲထောက်ခံစာသာချန်ခဲ့ရက်တယ်။
အလွမ်းဓာတ်ခံရှိတဲ့ ဥယျာဥ်မှူးနဲ့ ပိုးကိုက်တဲ့ပန်း
ဟုတ်တော့ဟုတ်နေပါပြီးလေ။ လွမ်းပြီးရင်ဆွေးရသလို
ချစ်ပြီးရင်လည်း ဝေးရမှာပဲ။ ရူးတယ် ကြောင်တယ် ထင်ကြတဲ့သူတွေလည်း တစ်နေ့တော့ အားလုံးချစ်တတ်သွားကြပါလိမ့်မယ်။ စာတစ်ကြောင်းပြီးတိုင်း ပုဒ်မတစ်ခါချသလိုပေါ့ အသည်းတစ်ခါကွဲရင် ဘဝတစ်ခါပျက်သွားရတာပါပဲ။
- Joy (ဘုန်းမိုးသွန်း)
Keep Reading