Author's Profile Photo

SarPhat Author

11/07/2024

အခမဲ့ ရင်ခုန်သံ - ၃

1 min read
Poetry
Art
18 Again
အခမဲ့ ရင်ခုန်သံ - ၃'s photo


ရယူခြင်းက အချစ်မှမဟုတ်တာတဲ့ သိပ်မှန်တာပေါ့
အသည်းမကွဲခင်အထိ ကိုယ်လည်းအရူးအမူး ချစ်ခဲ့တာပဲလေ။ မင်းမရှိလို့ လုံးဝ မဖြစ်ဘူးဆိုတာ အရူးလိုကိုယ်ပြောခဲ့တယ် အနားကနေ မင်းထွက်သွားတော့လည်း ကိုယ့်မှာဟန်ဆောင်မှုများစွာနဲ့ အဆင်ပြေအောင်နေခဲ့ရတာပါပဲ။ မလိုအပ်တဲ့အရာတွေ လွှတ်ချဖို့ကြိုးစားနေတဲ့သူက ချစ်မိတဲ့စိတ်ကိုတော့ ရပ်တန့်ထိန်းချုပ်ဖို့ကို မေ့နေခဲ့တယ်။

တမင်လည်းမရွဲ့နဲ့ ရွဲ့လို့ဝေးသွားရင် တစ်သက်လုံးပဲ။ကိုယ်ရွဲ့ခဲ့တာမှမဟုတ်တာ အရာအားလုံး မင်းပဲရွေးချယ်သွားတာလေ ။ ကိုယ့်မှာတော့ နီးစပ်ဖို့ကြိုးစားနေရင်း တစ်ဖြည်းဖြည်း ပိုဝေးသွားရတယ်။

ကိုယ့်ဘေးမှားမင်းကိုရှိစေချင်တဲ့ ဆန္ဒတွေများလာတိုင်းသူ့ဘေးမှာမင်းကို ပိုပိုတွေ့လာရတယ်။ ခေတ်တွေပျက်နေတဲ့တိုင်းပြည်မှာ အချစ်ကိုမျက်နှာဖုံးတပ်ပြီး
ပုတ်သင်ညိုလိုလူတွေများလာကြတယ်။

သစ်ရွက်တစ်ရွက်ကြွေတိုင်း ကိုယ့်အရှုံးတွေပါသွားသလား ထင်ရတယ်။ ဒီရက်ပိုင်း အရှုံးတွေများနေတယ်ကြိုးစားမှုတွေများလေ ဆုံးရှုံးရတာတွေပိုများလေဖြစ်နေတယ်။ လွမ်းစိတ်တွေကြောင့် ငိုချင်တဲ့ရက်တွေမှာငိုပြီး ပြုံးချင်တဲ့ရက်တွေမှာပြုံးထားတယ်။ စာတွေမပို့ဖြစ်တော့တဲ့အခါ တစ်ယောက်ကိုတစ်ယောက် မမှီခိုချင်တဲ့အခါ ငါတို့ဝေးသွားတာ သေချာခဲ့ပြီးမလား။

လွမ်းတယ် သတိရတယ် ပြောခွင့်မရှိတဲ့အထိ ချစ်ခဲ့တဲ့အကြောင်း ကိုယ့်ဒိုင်ယာရီမှာ ထည့်ရေးထားတယ်။ အရင်လို အရင်လို သတိတရနဲ့ ဖုန်းမခေါ်ဖြစ်တဲ့တော့ရင် အရင်လို ဝမ်းနည်းတတ်လို့ အဖော်မလုပ်ပေးဖြစ်တော့ရင် အရင်လို လွမ်းတဲ့အကြောင်းတွေ ထပ်မပြောဖြစ်ခဲ့ရင် အရင်လို ပိုင်ဆိုင်မှုကြောင့် ထပ်မချစ်မိတော့ရင် အရင်လို အရင်လို မဟုတ်တော့ရင် ........

မနက်ခင်းဆိုပေမယ့် ကမ္ဘာပြိုနေသူအတွက်တော့ အမှောင်တွေဖုံးနေတယ်။ လူ့ဘဝက တိုတယ်သံသရာရှည်တယ် ပြတ်တောက်သွားတော့ သံယောဇဉ်မျိုးစေ့တွေလည်း တစ်စိတ်တစ်ပိုင်းပါပဲ။မင်းမလိုအပ်တော့တဲ့အခါ ကိုယ်ကပဲ ဝေးပေးလိုက်ရမှာပါ အဆင်မပြေဘူးလို့ အော်ပြောနေတဲ့အသံ ခဏအကြာ မိုးရိပ်ကလေးက ကိုယ်ငိုနေတာကို ကမ္ဘာမြေသိဖို့ သူကတစ်ပေါက်ပေါက်ငိုပေးနေတယ်။

အပြန်အလှန် သတိတရရှိမနေတော့တာ မလိုအပ်တော့ကြောင်း နားလည်းသွားကြတာ။ သံသရာတစ်ခုလုံးစာအထိ ဝေးသွားခဲ့ကြောင်း မင်းရောကိုယ်ပါ ခံယူလိုက်ကြတဲ့အခါ တကယ်ကို ဖူးစာလွဲနတ်ခတ်တွေဖြစ်သွားတယ်။ ကြွေကျသွားခဲ့ရင် တက်နင်းမသွားပါနဲ့
မင်းကောက်ယူပြီးအမြတ်တနိုး နမ်းရှိုက်မယ်ထင်တဲ့ ပန်းတစ်ပွင့်ဟာ ကိုယ့်ရဲ့စိတ်ဝိဉာဥ် ဖြစ်ချင်ဖြစ်နေမယ်။

မသက်သာလို့ တိုက်ဆိုင်မှုရှိလာတဲ့အခါ မင်းကိုအဝေးက ငေးမယ်။ အရင်လို မလွမ်းဖြစ်တာ သိပေမယ့်
အရင်လို သတိမရဖြစ်တာသိပေမယ့် အရင်လို ငါနဲ့အတူမင်းပြုံးခဲ့တာတွေ အရင်လို မင်းမပြုံးနိုင်တော့တဲ့အခါ
ငါ့ကိုသတိရပါ။ ဒီနိုင်ငံဟာ ခေတ်ပျက်စနစ်တစ်ခုလိုဖြစ်နေပြီး။ ချစ်ဖို့လွယ်ပါတယ် အမှတ်တရတွေပဲ မုန်းဖို့ပဲခက်တာပါ။ စာရွက်တွေမှာ ရေးချထားတဲ့ date ကလေးက ရေတွေမစိုပဲ အသည်းစိုင်ကြောင့် ပျက်စီးသွားရတယ်။

အားလုံးမေ့ဖို့မလွယ်ကူတော့ မင်းကိုလည်း မေ့မရပြန်ဘူး။ဖုန်းကလေးအပြေး ဖွင့်ကြည့်နေတယ်။အသံတွေထက် ဂယ်လာရီထဲက မင်းအပြုံးတွေနဲ့ဓာတ်ပုံ ထုတ်ကြည့်ပြီး ကိုယ်ငိုချင်ငိုနေမယ်။မငိုချင်တော့ ငေးမှိုင်နေတယ်။ အတိတ်ကိုလက်ညိုးထိုးပြီး ဒီနေ့စွဲထဲမှာ ငါတို့ချစ်ခဲ့ကြတာ ဒီနေ့စွဲထဲမှာ မင်းငါ့ကို ထားခဲ့တာ။ပြက္ခဒိန်လေးတွေက မှတ်မှတ်ရရ သိမ်းဆည်းထားပေးတယ်။

နာကျင်မှုကို လက်ဖြန့်စရာမလိုပဲ ဘဝထဲကို သူ့အလိုလိုရောက်လာတယ်။အချစ်နဲ့ပတ်သက်ခဲ့တဲ့နှလုံးသားကို နှလုံးသားကပဲ နာကျင်စေဖို့ ထိုက်တန်ခဲ့တယ်။အသံတွေအရမ်းကြားနေတယ်။ နေရောင်ခြည်ရဲ့ အလင်းမှာ မင်းအပြုံးတွေ တစ်ရိပ်ရိပ်တွေ့နေတယ်။
မျှော်လင့်ချက်တွေလည်း မင်းပျော်နေတာတစ်ခုအတွက်နဲ့ အကုန်ဘေးဖယ်ခဲ့ရတယ်။ဒီလိုနဲ့ ငါတို့ဝေးခဲ့ကြတာ။

- Joy (ဘုန်းမိုးသွန်း)

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ