လေပြေညင်း
မသိမှု အဝိဇ္ဇာတွေကို ထွင်းဖောက်နိုင်ဖို့ အဲ့သလောက် ခက်သလား၊
မောဟကိုတော်လှန်ဖို့ ပညာဆိုတဲ့ပုဆိန်ကို ဆုပ်ကိုင်ထား၊
သို့သော် ငါဆုပ်ကိုင်ထားတာ ပုဆိန်မဟုတ်ပဲ ဓား၊
အမှားတွေကြားထဲ အမှန်ကို ရှာတွေ့နိုင်မှာလား၊
ဤ လောက ရဲ့ သစ္စာတရား။
ကြီးကြီးကျယ်ကျယ် တွေ ငါဟာ စဉ်းစား၊
စိတ်ကူးပဲ ရှိတဲ့လူသား၊
ငါပိုင်သမျှ စိတ်ကူးများ၊
ဤကမ္ဘာမြေ ပေါ် ဖြန့်ကျက်စေသား။
အမုန်းတရားတွေအစား မေတ္တာများ၊
ကျည်ဆံတွေအစား ပန်းကလေးများ၊
လက်ပစ်ဗုံးတွေအစား ရယ်မောသံများ၊
ပေးဆပ်မှုတွေအလကားမဖြစ်တဲ့ကမ္ဘာမှာ ငါတို့ အားလုံး ရှင်သန်ချင်သား။
သို့သော် ငါဟာ မျိုးချစ်စိတ်ကလွဲ ဘာမှမရှိတဲ့လူသား.....
( 26/6/2024 ) (11:34)
Keep Reading