SarPhat Author
ကိုယ်ပိုင်ဆိုင်ခွင့်မရှိတော့တဲ့ အမျိုးသမီးငယ် တစ်စိတ်တစ်ဒေသလောက်ဖြစ်ဖြစ် အချစ်တွေစစ်ခဲ့ကြရင် ကျေနပ်ပါပြီး။ ဘယ်တော့မှ မလွမ်းဖြစ်တော့ဘူးလို့ လိမ်ညာဖုံးကွယ်ပြီး ညအမှောင်တွေမှာ လွမ်းနေမယ်။
ဘယ်တော့မှ သွားခွင့်မရှိတော့မယ့် ရင်ခွင်အိုတွေရှိမယ်။ အချိန်အခါအရပေါ့ကွာ ချစ်တယ်ဆိုတာလည်း
ဟိုးအတိတ်ရဲ့အတိတ်တွေထဲမှာပါပဲ။ လွမ်းဟန်မပြလို့ မေ့နိုင်ပြီးလို့ မထင်ပါနဲ့။ ရင်းနှီးပြီးမှ စိမ်းသွားတဲ့သူစိမ်းတွေက ပိုစိမ်းတဲ့အကြောင်း ။ အရူးမီးဝိုင်းချစ်သွားပြီးမှ ဝေးသွားတဲ့အခါ ပိုနာကျင်တဲ့အကြောင်း ။ ဝေးတယ်လို့ခံစားရတာလောက် ဘယ်အရာက ထိတ်လန့်ကြောက်စရာကောင်းဥိီးမှာလဲ။ အရာရာဟာ စိတ်ပျော်လက်ပျော် နေသားတကျ ကျန်ရစ်နေစဲပါ။ တစ်ချို့အချစ်တွေက ဆုံသာဆုံတယ် အမှတ်တရကိုယ်စီနဲ့လည်း လွဲတတ်ကြတယ်။ စောင့်နေမဲ့သူမရှိသောလမ်းမှာ ကိုယ်ပျော်မနေခဲ့ဘူး။ ကိုယ်တို့က ချစ်တာတော့ချစ်ခဲ့ကြတာပါပဲ။
အချစ်တွေထဲမှာ ငါ့ဘက်ကမှားခဲ့တာတွေပါမယ်။ ဂရုမစိုက်ခဲ့တာတွေပါမယ်။ သစ္စာမဲ့ခဲ့တာပါမယ်။ ချစ်မိခဲ့တဲ့အရာရာတိုင်းက အခုထိ အမှတ်ထင်ကျန်ရစ်နေစဲပါ။တစ်ခါတစ်လေတော့ ပိုင်ဆိုင်ထားပါလျက် ကိုယ်ကိုတိုင်တောင် နားမလည်လိုက်တဲ့အချစ်တွေဖြစ်နေတယ်။ ပေးဆပ်ရမှာလား ဖြည့်ဆည်းရမှာလား နာကျင်ရမှာလား ပျော်ရွှင်ရမှာလား တစ်ခုမှ နားမလည်နိုင်တော့ဘူး။ ဘာကိုမှ ကြိုတွေထားလို့မရတော့တဲ့အချိန်အခါတွေရှိမယ် ။ အရာရာပြီးဆုံးသွားတဲ့အခါ အရာရာနားလည်သွားကြတာပါပဲ ။ အရာရာဟာ အရာရာပါပဲ ။ ဆုံတွေ့မှုကိုဖူးစာလို့ခေါ်ရင် ခွဲခွာခြင်းကို မုန်းခြင်းလို့ငါတို့သတ်မှတ်ကြရမလား ။ ချစ်တာကိုအပစ်လို့မသတ်မှတ်ခဲ့ကြတဲ့အချိန် ငါတို့ပျော်ရွှင်ကြရတဲ့နေ့ရက်တွေက အတိုင်းအဆမဲ့နေတယ်။ငါတို့ပျော်ရွှင်ခြင်းထဲမှာ။
လမ်းတစ်ကွေ့မှာ သုံးပွင့်ဆိုင်လာတော့ ငေးကြည့်သူဟာ နင်လားငါလား တစ်ယောက်ယောက်တော့ ဖြစ်သွားကြမှာပါ။ ပြန်မဆုံတဲ့ဖူးစာဆိုတာ အဝေးရောက်တိမ်တွေကိုချစ်ရသလိုပဲ ရယူလိုချင်စိတ်များရင် တစ်စတစ်စဝေးသွားတဲ့အခါ နာကျင်မှုဒဏ်ကိုခံရဦးမှာပဲ။ နာနာကျင်ကျင် ဒဏ်ရာတွေ ရလာတဲ့အခါ ရယ်ရယ်ပြုံးပြုံး နေ့ရက်ကလေးတွေ ဖယ်ခွာပေးလိုက်ရတာပါပဲ ။ လုပ်ယူလို့မရတဲ့အရာတွေကို အတင်းလုပ်ယူကြရင်း ငါတို့ကိုယ်ငါတို့ ပြန်ပြီးဒဏ်ခတ်နေကြတယ်။ အစကနေအဆုံးထိ မရောက်ဖူးတော့ သံသရာရှည်တာကို ငါလက်မခံချင်ဘူး။ ထိလွယ်ရှလွယ်တတ်တဲ့ ကောင်ကလေးက ဒဏ်ရာတွေကို တောနင်းရှာစရာမလိုပြန်ဘူး။
အရက်လို့ခေါင်းစဥ်မသတ်ထားဘဲ အရာရာမေ့စေနိုင်တဲ့ဆေးတစ်မျိုးရှိခဲ့ရင် ငါဘာလုပ်မယ်ထင်လဲ။ အရက်ကိုရွေးရမလား အရာရာကိုမေ့စေနိုင်တဲ့ဆေးကိုရွေးရမလားဆိုရင် ငါတစ်ခုမှမရွေးဘူး ။ ရရှိလာတဲ့ဒဏ်ရာတွေ နာကျင်စရာတွေ ခမ်းခြောက်လာတဲ့အထိ စိတ်ရှိလက်ရှိ ခံစားမယ် ။ ဒဏ်ရာကင်းကင်းနဲ့ရှင်သန်ခွင့်ရဖို့ကြိုးစားမယ် ။ ရှိပြီးသားဒဏ်ရာကိုဖြေဖျောက်ဖို့ပဲကြိုးစားမယ်။
-Joy (ဘုန်းမိုးသွန်း)
Keep Reading