Tachyto
၁။ ပညာရေးကဏ္ဍက နိုင်ငံတစ်ခုအတွက် ဘယ်လောက်အရေးပါလဲ။
ပညာရေးဆိုတာ နိုင်ငံတစ်ခုတိုးတက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးဆုံးကဏ္ဍတစ်ခုအဖြစ်ပါဝင်နေတယ်။ဘာလို့ဆို ကမ္ဘာပေါ်က အချမ်းသာဆုံးနိုင်ငံတွေကို ကြည့်လိုက်ရင် ပညာရေးဦးစားပေးကြတယ်။Tiktok ကစာတိုတစ်ခုမှာကြည့်လိုက်ရတဲ့ စာတိုတစ်ပုဒ်ရှိတယ်။စာကိုဘယ်သူပြောခဲ့လဲတော့မမှတ်မီဘူး။အဲဒါက "တန်ဖိုးရှိတဲ့နိုင်ငံဆိုတာ ရွှေတွေငွေတွေေပါများလို့ မဟုတ်ဘူးတဲ့ တန်ဖိုးရှိတဲ့လူတွေစုနေလို့တဲ့" ။ဒီစာသားကို ဥပမာပေးရရင် မြန်မာနဲ့စင်ကာပူလိုပေါ့။ သရံဇာတ အရမ်းပေါများတဲ့ မြန်မာနိုင်ငံက ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံတွေထဲပါနေပြီး အရင်တုန်းက မြန်မာကနေတောင် ဆန်တွေပို့ရတဲ့ စင်ကာပူက ကမ္ဘာအချမ်းသာဆုံး နိုင်ငံတွေထဲကတစ်ခုအပါအဝင်ဖြစ်နေတာ။ အံ့အော်စရာတော့ မကောင်းပါဘူး။ခေါင်းဆောင်တွေ ပညာရေးကိုအလေးထားပုံနဲ့ မထားပုံကွာတာပေါ့။ အိမ်မှာစည်းကမ်းကောင်းတဲ့ကလေးတောင် ကျောင်းရောက်သွားရင် စည်းကမ်းပျက်သွားရော။ အမျိုးသားစည်းကမ်းကအစ စာသင်ကျောင်းကတဲ့။ စာသားလေးကမိုက်တာပေါ့။ ကိုယ်သိတာတော့ဒီလောက်ပဲ။ ပညာရေးဘယ်လောက်အရေးပါတယ်ဆိုတာ စာဖတ်သူတို့အသိဆုံးပါ။
Keep Reading