Leo(Nann)❤️
ဒီနေ့ခေတ်မှာ စိတ်ဓာတ်ကျပြီး
သတ်သေသူဦးရေတိုးပွားလျက်ရှိပါတယ်
ဒါဟာလုံးဝကိုမဖြစ်သင့်တဲ့ကိစ္စတစ်ခုပါဘဲ။စိတ်ဓာတ်ကျတဲ့အခါ
ဘဝအရှုံးမပေးလိုက်ဘဲ နလန်ထူဖို့ပြန်ကြိုးစားကြည့်ရပါမယ်။
စိတ်ဓာတ်ကျတာကိုနည်းမျိုးစုံနဲ့ကုစားလို့ရနိုင်ပါတယ်။
1.စိတ်ဓာတ်ကျရတဲ့အကြောင်းရင်းကိုသုံးသပ်ကြည့်ပါ။
တစ်ခါတစ်ရံမှာကျွနု်ပ်တို့ဟာပြသနာသေးသေးမွှားမွှားကလေးတွေကြောင့်လည်းစိတ်ဓာတ်ကျနေတာဖြစ်နိုင်ပါတယ်။အဲ့ဒီပြသနာတွေဟာထင်သလောက်အရေးမကြီးတာမျိုးလည်းဖြစ်နေတတ်ပါတယ်။
ဒါကြောင့် "ငါကြုံတွေရတဲ့ပြသနာဟာ
စိတ်ဓာတ်ကျရလောက်တဲ့အထိတကယ်ရောဆိုးရွားနေရဲ့လား။" "ငါဒါကိုဘယ်လိုကျော်လွှားရမလဲ။"
အစရှိတဲ့မေးခွန်းတွေနဲ့ကိုယ့်ကိုကိုယ်ပြန်မေးပါ။ဘာကြောင့်စိတ်ဓာတ်ကျရတာလဲအဖြေရှာပါ။အသေးအမွှားကလေးဖြစ်နေခဲ့ရင်ခေါင်းထဲကတစ်ခါတည်းရှင်းထုတ်လိုက်ပါ။အတွေးတွေနဲ့လှောင်ပိတ်မထားပါနဲ့။
အတွေးလွန်ခြင်းကစိတ်ဖိစီးမှုကိုသယ်ဆောင်လာပါတယ်။ထိုမှတစ်ဆင့် စိတ်ဓာတ်ကျခြင်းကိုဦးတည်သွားတာပါ။
ပြသနာတစ်ခုကိုဖြေရှင်းဖို့ဆိုရင်
အဲ့ဒီပြသနာကိုအရင်သုံးသပ်ဖို့လိုပါတယ်။
2.စိတ်ဓာတ်ကျတဲ့အခါ
ရင်ဖွင့်ဖို့ လူလိုပါတယ်။
ိစိတ်ဓာတ်ကျခြင်းဆိုတဲ့လက္ခဏာက
မိမိတို့နေ့စဥ်ကြုံတွေ့နေရတဲ့စိတ်ဖိစီးမှုတွေကနေမြစ်ဖျားခံလာတာဖြစ်တယ်။ကျွန်ုပ်တို့ဟာ မိမိရဲ့ခံစားချက်တွေ ၊ပြသနာတွေ၊နာကျင်မှုတွေကို နားထောင်ပေးမဲ့သူ
တကယ်လိုအပ်ပါတယ်။
ရင်ဖွင့်စကားဆိုခြင်းက
စိတ်ဖိစီးမှုတစ်ဝက်ကိုလျော့ကျစေနိုင်ပါတယ်။ဤကဲ့သို့လုပ်ခြင်းအားဖြင့်ကိုယ်ထမ်းထားရတဲ့စိတ်ဖိစီးမှုဝန်ထုပ်ဝန်ပိုးကိုဖြေလျှော့လိုက်ရသလိုဖြစ်ကာစိတ်ကိုအတော်အတန်ပေါ့ပါးသွားစေပါလိမ့်မယ်။နားထောင်ပေးတဲ့သူက အကြံအဉာဏ်ပါပေးနိုင်မဲ့သူဆိုရင်
ပြသနာရဲ့90%လောက်ကိုဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ရင်ဖွင့်ခြင်းက အထီးကျန်မှုမှရုန်းထွက်နိုင်စေပါတယ်။သိမ်ငယ်မှုတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။
3.စိတ်ကိုဖြေလျှော့ထားပါ။
အထက်မှာဖော်ပြခဲ့တဲ့နည်းလမ်းတွေနဲ့မကုသနိုင်တော့တဲ့အခါ မိမိကိုယ်ကိုယ်အားကိုးမှရတော့မဲ့အခြေအနေကိုရောက်နေတာဖြစ်တယ်။
စိတ်ဓာတ်ကျတယ်ဆိုတာမင်းရဲ့စိတ်ခံစားမှုကြောင့်ဖြစ်တာပါ။ဒါကိုဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းကတော့ကိုယ့်စိတ်ကိုကုသတာပါဘဲ။
ဒီအတိုင်းထိုင်နေရုံနဲ့တော့ စိတ်ကအလိုလိုပြန်အားရိှမလာနိုင်ပါဘူး။မိမိရဲ့စိတ်အခြေအနေကို ပိုကောင်းလာစေမဲ့အရာလေးတွေရွေးလုပ်ပါ။ဥပမာ-စိတ်ဓာတ်ခွန်အားဖြစ်စေမဲ့သီချင်းတွေများများနားထောင်ပါ။စိတ်ခွန်အားနဲ့ဂီတသံစဥ်တွေကြားမှာနက်နဲတဲ့ချည်နှောင်မှုတစ်ခုရိှနေပါတယ်။ သံစဥ်နဲ့သီချင်းစာသားတွေကစိတ်ခံစားမှုကိုအားဖြည့်ပေးနိုင်တယ်လို့ဆိုလိုတာဖြစ်တယ်။
လမ်းလျှောက်ထွက်ကြည့်ပါ။သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူရှိက်ပါ။
မိမိရဲ့စိတ်ကိုလွှတ်ပေးထားကြည့်ပါ။
သဘာဝအလှတွေကိုခံစားကြည့်ပါ။
ဒီလိုအသေးအမွှားလေးတွေကလည်း
မင်းရဲ့စိတ်ကိုတည်ငြိမ်လာစေနိုင်ပါတယ်။
4. မိမိကိုယ်ကိုယုံကြည်ချက်ထားပါ။
စိတ်ဓာတ်ကျတယ်ဆိုတာကိုယ့်ကိုကိုယ်
ယုံကြည်ချက်မခိုင်မာတော့လို့ဖြစ်လာတဲ့နောက်ဆက်တွဲရိုက်ခတ်မှုတစ်ခုပါဘဲ။
"ငါဒါကြီးကိုလုပ်နိုင်ပါ့မလား"
ဆိုတဲ့အတွေးထက်
"ငါဒါကိုလုပ်ကိုလုပ်နိုင်ရမယ်" ဆိုတဲ့စိတ်ကိုမွေးပါ။
မင်းစိတ်ဓာတ်ကျနိုင်ပါတယ်။သို့သော်မိမိကိုယ်ကိုအချိန်အကြာကြီးတော့စိတ်ဓာတ်ကျခွင့်မပေးလိုက်ပါနဲ့။
စိတ်ဓာတ်ကျတဲ့အခါပြန်ထပါ။
အတိတ်ကနေသင်ခန်းစာယူပါ။
မင်းမှာကုန်းကောက်စရာမရှိလောက်အောင်
အရာရာဆုံးရှုံးသွားရင်တောင် မင်းရဲ့စိတ်ဓာတ်လေးကိုတော့အဆုံးရှုံးမခံလိုက်ပါနဲ့။
အားလုံးကိုလေးစားလျှက်.........?
#Leo
#sarphat
#General knowledge
#Lifestyle
(8.6.2024)
Keep Reading