Author's Profile Photo

N’MO

23/08/2023

မျက်ရည်

1 min read
Poetry
မျက်ရည်'s photo

တချို့ဝမ်းနည်းခြင်းအတွက်
မျက်ရည် … မလိုဘူး၊
နှလုံးသားတစ်ခုပဲလိုတယ်

မျက်ရည်ဆိုတာ
(တခါတရံ) ဟန်ဆောင်ခြင်းကိုယ်စား
တကြိမ်ကျရုံလောက်ပဲ

နှလုံးသားကိုတော့
ဖုံးကွယ်ထားမရဘူး
တသက်စာပါသွားတာမျိုး

တချို့ရပ်သွားတယ်ဆိုတာ
မျက်ရည်မဟုတ်ဘူး
နှလုံးသား … …။


အန်မိုဝ်

Keep Reading

ရန်ကုန်မိုးစိတ်ဝိညဉ်မိုးရွာတဲ့​ ​နေ့မာရသွန်​အ​ပြေးသမားကောက်ရိုးတစ်မျှင်လေနှင်ရာနန်းကျဘုရင်အကြည်ဓာတ်နေချင်တဲ့ ဘဝနှင်းဆီ