SarPhat Author
ညီမလေးရယ် အမ အမြဲတွေးမိတာတစ်ခုရှိတယ်။ အဲ့တာ
ဘာလဲဆိုတော့ ညီမလေးသာ အခုလို အတိုပြတ်တွေမဝတ်
ဘဲ မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီ၊ ချိတ်ထမီ လေးနဲ့ဆိုရင်
ဘယ်လောက်တောင် ကျက်သရေ ရှိလိုက်မလဲ ဆိုပြီးတော့
လေ။ ညီမလေးရယ် ကျေးဇူးပြုပြီး ကိုယ့်ဘဝကို ရေစုန်မ
မြော လိုက်ပါနဲ့လား။ ကိုယ့်ဘဝကို နည်းနည်းလောက်
တန်ဖိုးထားကြည့်ပါလား။ မင်းက ဒီကမ္ဘာမြေ အတွက်
အရေးပါတဲ့ လူသားတစ်ယောက်ပါ။ မင်းဘဝကို အခုဖြစ်
သလိုနေနေတယ်ဆိုရင် အမြန်ဆုံးပြုပြင်လိုက်ပါ ညီမလေး
ရယ်။ ပြီးတော့ မင်း ticktook တွေ အရမ်းဆော့တယ်
နော်။ ticktook ဆို ညီမလေးတို့လို လူသားတွေ အပန်းဖြေ
ဖို့ ၊ အပျင်းပြေဖို့ အတွက် တည်ထွင်ထားတဲ့ app တစ်ခု
ပါ။ ညီမလေးတို့က ဒီ ticktook အတွက် လူဖြစ်လာတာမှ
မဟုတ်ဘဲ။ like တွေ view တွေ share တာတွေ
မshare တာတွေက ညီမလေးတွက် အဲ့လောက်တောင်
အရေးပါနေလို့လား။ likeရရှိရေးviewရရှိရေးတွက် ညီမ
လေး အတိုအပြတ်တွေ ဝတ်ပြီး ဟိုလှုပ်၊ ဒီလှုပ်နဲ့ ဘာလို့က
နေရတာလဲ။ ညီမလေးဘဝတွက်အရမ်းရင်လေးမိတယ်။
"Social Media" တွေလည်းအရမ်းသုံးတယ်နော်။ ညီမ
လေးတွက်အရေးပါမယ့် စာအုပ်စာပေကြတော့ တိုက်တွန်း
တာတောင် ပျင်းလို့ဆိုပြီး မဖတ်ဘူးနော်။ "Social
Media" သိပ်မသုံးခိုင်းတာကလည်း ညီမလေးဘဝတွက်
ပါ။ မြန့်မာရိုးရာ သံစဉ်သီချင်းတွေကို ဖျက်ဆီးထားတဲ့
djတွေကိူအဟုတ်မှတ်ပြီး ရိုးရာဝတ်စုံတွေဝတ်ပြီး ခန္ဓာကိုယ်
ကို အသားပေးပြီး မကပါနဲ့လား။ မင်းအတွက်ရော နိုင်ငံ
အတွက်ရော စေတနာနဲ့ ပြောပြတာပါကွာ။
နန်းသွေးသစ်
Keep Reading