Maru
ကျွန်မ မနေ့ညက Sarphat appကနေကျင်းပပေးတဲ့ "ကိုယ်ကျွမ်းကျင်ရာအတတ်ပညာကို ဆောင်းပါးတစ်ပုဒ်အဖြစ် ဖန်တီးစို့" ဆိုတဲ့ Webinar လေးတက်နေရင်း Sarphat ကနေ လစဉ်ပြုလုပ်ပေးနေကြ Top 10 Chartလေးကြေငြာပါရော။
အဲတာနဲ့ Top 10 Chart ကိုပြေးကြည့်ရော အခေါက်ခေါက်အခါခါကြည့်ပါသော်လည်းကျွန်မနာမည်ပါတာမတွေ့ဘူး။ ကျွန်မက Top 10 Chart ထဲမဝင်နိုင်လောက်ဘူးလို့လည်းကိုယ့်ကိုယ့်ကိုယ် မှန်းထားပြီးသား။ ဒါပေမယ့်လည်း ကိုယ်နာမည်မပါလာတော့ နည်းနည်းစိတ်မကောင်းဖြစ်မိတယ်။Author Haruki နဲ့လည်း အရင်ရက်က ကိုယ်Top 10 Chart ထဲမပါနိုင်လောက်ဘူးထင်တယ် ဆိုပြီးပြောဖြစ်သေးတယ်။ Author Haruki က "အစ်မ ပါနိုင်တယ် ကြည့်ထား" လို့ပြန်ပြောသေးတယ်။ ဒါနဲ့ Rank 1 ဝင်တဲ့ Author Harukiရယ် Rank 4ဝင်တဲ့ Author May Phyoe Aung တို့ကို Congratulations ?လိုက်လုပ်တာပေါ့ ။
အဲဒီမှာAuthor Haruki က
"ကျွန်တော်ပြောတယ်မလား " ဆိုပြီး reply ပြန်လာပါတယ်။
Author May Phyoe Aung ကလည်း
"ညီမကိုပိုပြီး ဂုဏ်ယူပါတယ်ဗျို့
ဆက်ကြိုးစားကြမယ်
ငါ့ညီမ အတွက် တကယ်ဝမ်းသာတယ်" ဆိုပြီး reply ပြန်လာပါတယ်။
အဲတာနဲ့ကိုယ်က reply ပြန်လာတဲ့စာတွေဖတ်ပြီး ဘာများဖြစ်ကြတာလဲ ငါမှမရတာကို Top 10 Chart ကိုသွားပြန်ကြည့်အုံးမယ်ဆိုပြီး သွားပြန်ကြည့်မှ ကိုယ်ဒုတိယရမှန်းသိတာ?
ကိုယ့်ကိုယ့်ကိုယ်ပါလို့ပါမှန်းတောင်မသိ မတွေ့တဲ့အဖြစ်
လုံးဝ surpriseလိုဖြစ်သွားတာ ??
သိတာနဲ့ အကုန်လုံးကိုလိုက်ကြွားရတာအမော
✨ကျွန်မတို့လူငယ်တွေတွက် အခုလိုအခွင့်အလမ်းတွေ ဖွင့်ပေးတဲ့ Sarphat ရဲ့အဖွဲ့သူအဖွဲ့သားတွေကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင့်
ကျွန်မရဲ့စာကို အချိန်ပေးဖတ်ရှုပေးတဲ့စာဖတ်သူလေးတွေကိုရော အများကြီးကျေးဇူးတင်ပါတယ်ရှင့်
လိုအပ်ချက်တွေရှိနေသေးပေမယ့်လည်းရှေ့လျောက်အကောင်းဆုံးပိုပြီးကြိုးစားသွားပါမယ်❣️
အားလုံးကိုကျေးဇူးတင်လျက်...
May.3.2024.Thurs(7:59)
ᗰ???
Keep Reading