Author's Profile Photo

SarPhat Author

27/04/2024

မျက်မှန်ကိုင်းလေး

1 min read
Poetry
Art
မျက်မှန်ကိုင်းလေး's photo

လူ့လောကကြီးအကြောင်းကိုသိမြင်နိုင်အောင် မျက်မှန်ကိုင်းလေးကသင်ပြခဲ့ဖူးတယ်
ညစဉ်ညတိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မမောတမ်းပြောပြခဲ့ဖူးတယ်
ငိုနေချိန်မှာ အားပေးစကားတွေပြောရင်း စိတ်ခွန်အားတွေလည်းပေးခဲ့ဖူးတယ်

မျက်မှန်ကိုင်းလေးချက်ကျွေးတဲ့ ထမင်း၊ဟင်းတွေကို မြိန်ရည်ယှက်ရည်စားဖူးသလို မျက်မှန်ကိုင်းလေးဝါးခွံတဲ့ထမင်းတွေလည်း စားခဲ့ဖူးတယ်

အဲဒီမျက်မှန်ကိုင်းလေးဆီကနေ မုန့်ဖိုးတွေလည်းလက်ဖြန့်တောင်းဖူးတယ်
မျက်မှန်ကိုင်းလေးရဲ့ ဆံပင်ဖြူတွေကို နှုတ်ပေးဖူးသလို လက်သည်း၊ခြေသည်းတွေလည်းညှပ်ပေးဖူးတယ်

မျက်မှန်ကိုင်းလေးက ကျွန်တော့်ရဲ့ ‌ငယ်ဘဝကစားဖော်
နေမကောင်းနေချိန် အကြင်နာတွေရဲ့ပြုစုပေးပြီး မေတ္တာတွေနဲ့ ကျန်းမာလာစေသူ

မျက်မှန်ကိုင်းလေးပျောက်ဆုံးမသွားဖို့ ဆုတောင်းနေရင်းကပဲ အမေ့ရဲ့ရှိုက်သံတစ်ချက်နဲ့အတူ အမေ့ဆီကစကားတစ်ခွန်းကြားလိုက်ရတယ်
"မင်းရဲ့အဖွား(အဘွား)ဆုံးသွားပြီး သား"တဲ့။

#T.Kyi

Keep Reading

အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ"ရေသောက်ပြီး ရယ်ပါ"