Monologue By Mon
ကျမတို့ ကိုယ်တိုင်ပဲဖြစ်ဖြစ် ၊ ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် “ ငါ့ကို တန်ဖိုးမထားပါလား ? ငါက တန်ဖိုးထားမခံရပါလား ? ဘာလို့ ငါ့ကို တန်ဖိုးမထားတာလဲ ? “ ဆိုတဲ့ စကားလုံးကို ပြောဖူးတာ ၊ ကြားဖူးတာ ရှိကြမှာပါ။
မိတ်ဆွေသူငယ်ချင်း အချင်းချင်းမှာပဲဖြစ်စေ ၊ ချစ်သူရည်းစားအချင်းချင်းမှာပဲဖြစ်စေ ကိုယ်က တစ်ဖက်လူရဲ့ တန်ဖိုးထားမှု အသိအမှတ်ပြုမှုခံချင်လို့ တစ်ခုခု လုပ်ပေးလိုက်ပေမယ့် အသိမှတ်ပြုမှု ၊ တန်ဖိုးထားမှုကို မခံရတဲ့ အခါ ၊ အဲ့လို အသိမှတ်ပြုတန်ဖိုးထား မခံရတာ အကြိမ်ရေတွက်တွေ များလာတဲ့အခါမှာ ဒီမေးခွန်းကို အဖြေရှာမိတက်ကြပါတယ်။
တန်ဖိုးထားခံရခြင်း ၊ မခံရခြင်း နဲ့ပတ်သတ်ပြီး အရင်ဆုံးပြောချင်တဲ့ သဘောတရားလေးတစ်ခုရှိပါတယ်။
များသောအားဖြင့် လူအများစုက တန်ဖိုးသက်မှတ်ပေးထားတဲ့ အရာတွေကို မြင်တာနဲ့ သူ့မှာ တန်ဖိုး အတိုင်းအတာ တစ်ခုတော့ရှိတယ်ဆိုတာ သိကြပါတယ်။ ဒီအရာကတော့ ဒီလောက် တန်ဖိုးရှိတယ်ပေါ့ ဆိုပြီး မှတ်ယူလိုက်တာမျိုးပေါ့။
ဒါပေမယ့် တန်ဖိုး သက်မှတ်မပေးထားတဲ့အရာကိုကျတော့ တန်ဖိုးသိတဲ့သူပဲ တန်ဖိုးနားလည်ပြီး တန်ဖိုးထားပေးတက်တာကြတာပါ။ နားလည်ရလွယ်အောင် ဥပမာပေးပြောရရင်
ပန်းချီအကြောင်း နားလည်တဲ့ သိတဲ့သူကပဲ သူမြင်တဲ့ ပန်းချီအနုပညာရဲ့ တန်ဖိုးကို သူသိတာပါ။
ပန်းပုအကြောင်း သိနားလည်တဲ့သူကပဲ ပန်းပုအရည်အသွေးအလိုက် တန်ဖိုးအတိမ်အနက်ကို သိတာပါ။
တန်ဖိုးရှိကြောင်း သိနိုင်တဲ့ အကဲဖြတ်နိုင်တဲ့ အရည်အချင်း ၊ အတွေ့အကြုံ ရှိမှပဲ တန်ဖိုးထားရမှန်း နားလည်မှာပါ။
ဒါကြောင့် ကိုယ်ရင်ဆိုင် ကြုံတွေ့ရတဲ့ တစ်ဖက်လူဟာ တန်ဖိုးသိတဲ့ သူဖြစ်ဖို့လိုပါတယ်။
နောက်တစ်ချက်က ကိုယ်အသိအမှတ်ပြုစေချင်တဲ့ တန်ဖိုး တစ်ခုခုကို ဘယ်သူက သက်မှတ်ပေးစေချင်တာလဲ ? ဆိုတာပဲဖြစ်ပါတယ်။
ကျမကတော့ လူတစ်ယောက်ရဲ့ တန်ဖိုးဆိုတာကို အဲ့ဒီ့လူကိုယ်တိုင်က ဝေဖန်ပိုင်းခြား အကဲဖြတ်နိုင်စွမ်းရှိပြီး ကိုယ်တိုင် ကိုယ့်ရဲ့ Value တွေကို သက်မှတ်တာက သူများတန်ဖိုးသက်မှတ်ပေးတာကို ကျေနပ်လက်ခံတာနေထက် ပိုဖြစ်သင့်တယ်လို့ လက်ခံထားတဲ့သူတစ်ယောက်ပါ။ ကိုယ်တန်ဖိုးက ဘာဆိုတာကို ကိုယ်တိုင်ဆန်းစစ်ပြီး ကိုယ်တိုင်သိပြီး ကိုယ်တိုင်သက်မှတ်စေချင်တာပါ။
ဒီလို သိတဲ့အခါမှာ တန်ဖိုးထားမခံရစေဦးတော့ ကိုယ်တန်ဖိုးကို ကိုယ်တိုင်နားလည်တဲ့အတွက် တန်ဖိုးထားမခံရတဲ့ ရပ်ဝန်းကနေ ပေါ့ပေါ့ပါးပါး လှည့်ထွက်နိုင်မှာပါ။
ဒါမှမဟုတ် ကိုယ်တန်ဖိုးကို ဘယ်လောက်ပဲရှိပါတယ်ဆိုပြီး အပြုသဘောမဟုတ်ပဲ Negative အမြင်နဲ့ ပြောတာမျိုး တွေ ကြုံရတဲ့အခါမှာလည်း ယုံကြည်ချက်အပြည့်နဲ့ ပြန်လည်ဖြေရှင်းတက်မှာပါ။
နောက်ထပ် ကိုယ့်တန်ဖိုးကို ကိုယ်တိုင်သက်မှတ်သိရှိခြင်းရဲ့ အားသာချက်တစ်ခုကတော့ ကိုယ်နဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေကို မှန်ကန်စွာတောင်းဆို သက်မှတ်နိုင်တာပါပဲ။
ဒါကြောင့် ကိုယ့်ရဲ့ Value တွေက ဘာတွေလဲဆိုတာ ကိုယ်တိုင်က အခိုင်အမာ သိနားလည်ခြင်းက Personal Growth အတွက် အထောက်အကူတော်တော်လေး ဖြစ်တယ်လို့ထင်ပါတယ်။
ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင် ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့အခါ ဘာလုပ်သင့်လဲ ?
ကိုယ့်တန်ဖိုးကို ကိုယ်တိုင် သက်မှတ်ဖို့ဆိုရင်တော့ ကိုယ့်အကြောင်း ကိုယ် ကောင်းကောင်းသိနေဖို့လိုပါတယ်။
ဒါကြောင့် ကိုယ်ဘယ်လိုလူလဲ ? ကိုယ့်ရဲ့ အားသာချက် ၊ အားနည်ချက် ၊ သူမတူ ထူးခြားတဲ့အချက် ၊ ဆွဲဆောင်မှုရှိတဲ့အချက် ၊ ကိုယ်လုပ်နိုင်တာ ၊ ကိုယ်မလုပ်နိုင်တာ ဒါတွေကို ခွဲခြမ်းစိတ်ဖြာပြီး သိအောင် အရင် ကြိုးစားရပါမယ်။
ဒါတွေကနေ တဆင့် ကိုယ့်ရဲ့ Value တွေက ဘာတွေလဲ ? ကိုယ့်မှာ မရှိသေးတဲ့ ကိုယ်ရှိချင်တဲ့ Value တွေက ဘာတွေလဲ ဆိုတာကို သိနိုင်မှာဖြစ်ပါတယ်။
ကိုယ့်ကို အခြားသူတွေက တန်ဖိုးထားဖို့ဆိုရင် ကိုယ်တိုင်က အရင် ကိုယ့်တန်ဖိုးသိပြီး တန်ဖိုးထားပေးဖို့လိုပါတယ်။
တကယ်လို့ ကိုယ်က တန်ဖိုးရှိရဲ့သားနဲ့ တန်ဖိုးထားမခံရဘူးဆိုရင်တော့ ကိုယ်က တန်ဖိုးမသိတဲ့ သူနဲ့ ရင်ဆိုင်နေရတာလည်း ဖြစ်နိုင်ပါတယ်။
ကိုယ့်အပေါ်တန်ဖိုးမထားတဲ့ အပြုအမူ နဲ့ လုပ်ရပ်တွေကို ဆက်ပြီး လက်ခံမလား ? ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ ရလဒ်အပေါ်မှာ ဆက်စဥ်စားလုပ်ဆောင်ကြရတယ်လို့ ထင်ပါတယ်။
ကိုယ့်တန်ဖိုးကို သူများမသိရင်တောင် ကိုယ်တိုင်ကတော့ သိသင့်တယ်လို့ ကျမကတော့ မြင်ပါတယ်။
မိမိကိုယ်ကိုယ် တန်ဖိုးထားတက်ခြင်းဖြင့် လှပသောနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။
- Monologue by Mon -
Keep Reading