Youth’s Book Reflections
နွေဦးဆီ ဦးတည်တဲ့တံခါးတစ်ပေါက်။နွေတံခါး။တကယ်တော့ဒီနာမည်က စာထဲက ပုံပြင်ကနေ ယူထားတာပါ။ကြောင်ကလေးတစ်ကောင်က ဆောင်းတွင်းမှာ အပြင်ကိုထွက်ဖို့ပူဆာတယ်။သခင်ကလည်း ဖွင့်ပေးလိုက်တယ်။မကြာခင် အပြင်ကဆိုးလှတဲ့ရာသီဥတုကြောင့် ကြောင်လေးဟာ အိမ်ထဲပြန်ဝင်လာတယ်။ဒါပေမဲ့ သူယူဆတာကတော့ တံခါးပေါက်မှားလို့ပေါ့လေ။ဒါနဲ့ တံခါး၁၂ပေါက်ရှိတဲ့ အိမ်ကြီးမှာ တစ်
ပေါက်ပြီးတစ်ပေါက် စူးစမ်းရင်း နွေဦးဆီကို ဖွင့်ထားတဲ့တံခါးပေါက်ကို အချိန်တစ်ခုရောက်တဲ့အခါ(နွေဦးရောက်တဲ့အခါ)တွေ့သွားတယ်၊ပြီး ကျေနပ်သွားတယ်။
Reader’s Digest ထဲကကောက်နှုတ်ထားတာလို့ဆိုတယ်။ ပုံပြင်ထဲက ကြောင်လေးလို မိုက်ခ် ဆိုတဲ့မိဘမဲ့လေးတစ်ယောက် မွေးစားသူတွေတိုင်းက လက်လန်ရတဲ့ကလေး။ ဒါကို ‘ဆူး’တို့ဇနီးမောင်နှံက ကြိုးစားမွေးကြည့်ချင်တယ်ဆိုတာနဲ့ အဲ့ဒီကလေးအိမ်ပေါ်ရောက်။အိမ်ပေါ်ရောက်တော့ ချော့လည်းမရ၊ခြောက်လည်းမရနဲ့ တော်တော်ကိုဆိုးသွမ်းတယ်။အိပ်ရာခင်းသေးနဲ့ပန်းတာတို့၊ ဆဲဆိုတာတွေ၊မီးရှို့တာတွေစသဖြင့် အတော်ထိန်းရခက်တယ်။
သို့ပေမယ့် သူကြောက်နေတာက သူ့ကို ဂရုမစိုက်တော့ဘဲ ထပ်စွန့်ပစ်မှာကို ကြောက်နေခဲ့တယ်။သူ့ဘဝမှာ အသစ်သစ်သော မျက်နှာပေါင်းများစွာ မြင်ခဲ့ရပြီး၊ခွဲခဲ့ရပြီးပြီ။သူက စပြီးသံယောဇဉ်တွယ်လိုက်တာနဲ့ သူ့ကိုပစ်ခွါသွားခဲ့ကြတာမလို့လည်း အခု သူ့မွေးစားမိဘတွေက သဘောကောင်းတယ်ဆိုပေမယ့် ထပ်စွန့်ပစ်ကြဦးမယ်ဆိုတဲ့ အသိလေးနဲ့ အားငယ်နေရှာတယ်။ယုံယုံကြည်ကြည် မချစ်ရဲဘူး။သူ့အဖြစ်က နဂိုသွေးသားရင်းချာတွေကြားထဲမှာ လိုက်လျောညီထွေနေနိုင်အောင်ကြိုးစားရင်း၊မဝံ့မရဲ သံယောဇဉ်တွယ်ရင်းနဲ့ မိုက်ခ်တစ်ယောက် ပုံပြင်ထဲကလို တံခါးပေါက်တွေ တစ်ပေါက်ပြီးတစ်ပေါက် ရင်တထိတ်ထိတ်နဲ့ဖွင့်စမ်းကြည့်နေခဲ့တယ်။
တံခါးပေါက်တွေကနေ အတိတ်ကဒဏ်ရာတွေကုစားနေခဲ့တာပါ။တဖြည်းဖြည်းနဲ့လည်း မထူးလာတဲ့’မိုက်ခ်’ကို မွေးစားမိဘတွေဘက်က စိတ်ကုန်စပြုလာနေပြီ။အကြာမြင့်ဆုံး၊သံယောဇဉ်အတွယ်ဆုံး ဒီမိဘတွေကို မိုက်ခ် ဟာလည်း ဆုံးရှုံးရလောက်အောင် သတ္တိမရှိခဲ့ပါဘူး။ဒီစာအုပ်ပါးပါးလေးထဲမှာ မြင်လိုက်ရတာက ချစ်ခြင်းမေတ္တာလွှမ်းခြုံထားတဲ့သည်းခံမှု၊နွေးထွေးမှု၊ခမ်းနားမှုတွေ ပါတဲ့ သံယောဇဉ်လေး။
အချိန်ယူပြီး အတိတ်က စိတ်ဒဏ်ရာတွေကို ကြိုးစားနှိမ်နေရင်းနဲ့ တစ်ဖက်မှာလည်း သူ့မ်ိဘတွေကို အခုရောကျွန်တော့်ကိုလိုချင်ကြသေးရဲ့လားဆိုပြီး စိုးရိမ်စိတ်နဲ့မေးခွန်းထုတ်နေမိခဲ့တယ်။ပြီးတော့ အနက်ရှိုင်းဆုံး အကောင်းဆုံးဆိုတဲ့ relationshipတွေမှာ အလိုအပ်ဆုံး၊အရေးပါဆုံးအရာကလည်း မေတ္တာကနွှယ်လာတဲ့ သည်းခံနိုင်စွမ်းပါပဲ။ဒါတွေကို ဒီထဲကမိသားစုက သက်သေပြသွားခဲ့တယ်။ကလေးတစ်ယောက်အတွက် စိတ်ဒဏ်ရာဆိုတာမျိုးက သေရာပါပါ။ဒီတော့ သူတို့အတွက် အလိုအပ်ဆုံးက မေတ္တာနဲ့လွှမ်းခြုံထားပြီး ယုံကြည်စိတ်ရှည်မှုအပြည့်နဲ့ ဘေးက ဖေးဖေးမမ ကူညီအားပေးတာမျိုးပဲဖြစ်ပါလိမ့်မယ်။
“ဤဇာတ်လမ်းသည် ကလေးတစ်ယောက်မွေးစားဖို့ မျိုးခနဲ ဖျတ်ခနဲဖြစ်ပေါ်လာသည့် စိတ်ကောင်းစေတနာမွန်ကလေးမှ အစပြုခဲ့သည်။ ထိုကလေးငယ်သည် မိသားစုတစ်စု၏ အေးမြသော အရိပ်အာဝါသအောက်မှာ ခိုလှုံပြီး မိသားစု၏နွေးထွေးသော မေတ္တာကို ခံယူနိုင်မည်ဟု မျှော်မှန်းခဲ့သည်။ သို့ပေမဲ့ တစ်ခါတစ်ခါကျတော့ ကမ္ဘာပေါ်တွင် အမြင့်မြတ်ဆုံး စိတ်ကောင်းစေတနာမွန်များသည်ပင်လျှင် အပစ်ပယ်ခံ၊ အနှိပ်စက်ခံ နှစ်ကာလများက အမွေပေးလိုက်သော စိတ်ဝေဒနာများကို ပြုပြင်ပြောင်းလဲပစ်လို့ မရနိုင်ပါချေ။ သို့ဖြစ်ရာ• • •”
စာအုပ်ကပါးပြီး အရေးအသားကကျစ်လျစ်လို့ ပေါ့ပေါ့ပါးပါးဖတ်နိုင်မယ့်စာအုပ်မျိုးပါပဲ။ဖတ်ပြီးရင်တော့လည်း ကျွန်တော်တို့အနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အတွင်းတိုက်ပွဲကို ဆင်နွှဲနေရှာတဲ့‘မိုက်ခ်’ကို စာနာသနားမိလာကြပါလိမ့်မယ်။
Read more reviews at our facebook page:
https://www.facebook.com/share/16aeRFVEvK/?mibextid=wwXIfr
#TheThingsIWantMost #bookreview
#Youths_book_reflections #နွေတံခါး #မောင်ထွန်းသူ
Keep Reading