Reviews by Benevolent
🚨 ၁၈ နှစ်ပြည့်မှ ဖတ်ပါ ...(ℕ𝕠 𝕊𝕡𝕠𝕚𝕝𝕖𝕣𝕤 )
ကျွန်တော်အတွက်တော့ ဟာရုကီ မူရာကာမိ (Haruki Murakami)ရဲ့ ဒုတိယမြောက်ဝတ္ထုတစ်အုပ်ကို စမ်းသပ်ကြည့်မိတာပါပဲ။သူ့ဝတ္ထုတစ်အုပ်ဖတ်မိရင် သီချင်းတစ်ပုဒ်ကိုလည်း ခံစားနားဆင်ရပါတယ်။ဒီစာအုပ်ရဲ့ နာမည်ကလည်း ကမ္ဘာတစ်လွှား အုတ်အော်သောင်းတင်း အောင်မြင်ခဲ့တဲ့ The Beatlesအဖွဲ့ရဲ့ သီချင်းတစ်ပုဒ်သာဖြစ်နေတယ်။ ဂီတဗေဒနဲ့ပါ မိတ်ဆက်ပေးသလို အနုပညာကိုလည်း ချစ်တတ်လာအောင်လည်း သင်ပေးလေ့ရှိတဲ့ ဆရာကြီးမူရာကာမိဝတ္ထုရဲ့ဇာတ်ကောင်တိုင်းက စိတ်ကျန်းမာရေး၊ဖြစ်ရပ်တွေရဲ့ကျပန်းဆန်မှု ၊ အထီးကျန်ဆန်းလွန်ပုံ၊သဘာဝလွန်ဆန်းကြယ်တဲ့ ဆက်ဆံရေး၊ သေခြင်းနဲ့ လူ့ဘဝဝမ်းနည်းကြေကွဲမှုတွေအကြောင်း၊ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကောင်တွေအကြောင်းကို လှပတဲ့ဇာတ်လမ်းတစ်ပုဒ်အဖြစ် ရိုးရှင်းစွာ ထုပ်ပိုးထားလေ့ရှိတယ်။သူ့စာအုပ်တွေကိုကမ္ဘာအနှံ့စာဖတ်ပရိသတ်တွေ ဘာကြောင့် အသည်းစွဲအားပေးဖတ်ရှူရသလဲဆိုရင် Kafka on the shore နဲ့ Norwegian Wood စာအုပ်တွေက သက်သေပါပဲ။
အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ထူးထူးခြားခြား ရေးထားတဲ့ပုံစံကြောင့် ဇာတ်လမ်းထဲမှာ စွဲစွဲလန်းလန်း နစ်မြောသွားစေတယ်။ဇာတ်ကောင်တွေဟာ စာအုပ်တွေထဲကနေ အပြင်ကို ခုန်ထွက်လာသလို ကိုယ်ထင်ပြ လှုပ်ရှားနေသလား ထင်ရလောက်အောင် အရသာအစုံကို ဒီဝတ္ထုထဲမှာ ကျွန်တော်တို့ရရှိနိုင်တယ်။ဒီစာအုပ်က ခေါင်းထဲကအတွေးနဲ့ နှလုံးသားထဲက ခံစားချက်ကို ဆွဲယူနိုင်စွမ်းရှိတဲ့စာအုပ်ဆိုလည်းမမှားပါဘူး။ကိုယ်ကြိုက်တဲ့ အပိုင်းတွေ ရှိသလို၊ တွေးစရာတွေ လည်း ရှိတယ်၊ နေ့စဉ် လုပ်ရိုးလုပ်စဉ် တစ်ခုလုံးနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာတွေလည်း ရှိလာလိမ့်မယ်။
အဓိက ဇာတ်လိုက်က "ကျွန်တော်” ဆိုတဲ့ နာမ်စားသုံးပြီး တောက်လျှောက်ဇာတ်ကြောင်းပြောပြနေတဲ့ တိုရူ ဝါတာနာဘီ(Toru Watanabe )ဘဲဖြစ်တယ်။စာအုပ်တွေ ဖတ်ဖို့ရယ်၊ သီချင်းတွေ နားထောင်ဖို့ရယ်က လွဲလို့ ဘာမှ မသိတဲ့ သာမန်ကောင်လေးတစ်ယောက်က မိန်းကလေး ၃ ယောက်နဲ့ထူးဆန်းစွာ ပတ်သတ်ခဲ့မိတယ်။ဘယ်သူနဲ့မှ စကားပြောလေ့မရှိဘဲ ရိုးရိုးရှင်းရှင်းပဲ ကြိုက်တဲ့ တိုရူ ဝါတာနာဘီ(Toru Watanabe ) က အဓိကဇာတ်ဆောင်ဖြစ်ပြီး ပုံစံအမျိုးမျိုးနဲ့ သူ့ကိုယ်သူ ဆက်စပ်နေမိတဲ့သ
Unlock to read this premium article with 100 points.