Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

19/02/2025

ကလောင်ရှင်၏ ရည်ရွယ်ချက်

1 min read
Poetry
Startup
ကလောင်ရှင်၏ ရည်ရွယ်ချက်'s photo


ဘယ်လောက်ပဲ မှင်တံ ကုန်ကုန်၊
စာဖတ်သူတွေ စိတ်ထဲ ထင်ကျန်သွားရင်
ကျေနပ်ပါတယ်။

ဘယ်လောက်ပဲ ရာသီက နှိပ်စက်နှိပ်စက်၊
စာဖတ်သူတွေ ခေါင်းထဲ အသိတစ်ခု၊ပညာတစ်ရပ်ရရင်
ကျေနပ်ပါတယ်။

ဘယ်လိုပဲ အတိုက်အခိုက်တွေရှိရှိ၊
စာဖတ်သူတွေ နောက်မှာရှိရင် သတ်လိုကသတ်ပါစေ
ကျေနပ်ပါတယ်။

ဘယ်လောက်ထိ စာဆက်ရေးနေမလဲဆိုရင်၊

"ဟုတ်ကဲ့ ကျွန်တော် အသက်ရှင်နေသရွေ့ ကလောင်ကိုင်ဖြစ်တော့မှာပါ"။


(ကျွန်တော် ပြီးခဲ့တဲ့အချိန်တွေတုန်းက ဒီမှာ စာတွေကို အလုပ်အမျိုးမျိုးနဲ့ရှုပ်နေတာကြောင့် ဘာမှ လာမရေးဖြစ်ခဲ့ပါဘူး။ ခုတော့ စာဖတ်သူများ ဆီကို မှတ်သားသင့်၊သိရှိသင့်တဲ့ ဆောင်းပါးတွေကို ဆက်ရေးဖြစ်တော့မှာဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။)

ဖောင်တိန်ဖြင့်ရှင်သန်မည့်

‌မောင်ဇင်(မှိုင်းဌာနီ)

Keep Reading

အထီးကျန်ကျောင်းတော်ကြီးနန်းကျဘုရင်စက်ဆုပ်ခြင်း နိယာမအဆင်ပြေသွားမှာပါဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူ