ဖိုးစည်
ဒေါ်ကြီးခင်တို့ လူရေလည်စကား၀ိုင်းမှာ
ပညာတတ်ကြီးများ ဆွေးနွေးတိုင်ပင်နေပြီ။
မေတ္တာ အရောင်းအ၀ယ်များ စျေး
အတော်ကောင်းပုံရတယ် ။
နေနဲ့လ ရွှေနဲ့မြတဲ့ ...။
ဟား..နှစ်ပါးကြည်ဖြူတော့
မယားယူလို့ရပြီ ပေါ့ဗျာ ။
မေတ္တာတရား ပိုလျှံနေတဲ့
ခင်ဗျားသမီး ကျွန်တော့်ရီးစား
စည်းထား ထားတယ်ဆိုတဲ့
ထွေး ဆွေးသွားအောင် ပြောပြလိုက်စမ်းပါ့ ။
အဲ့ဒီ ခြေမွှေးမီးမလောင်
လက်မွှေးမီးမလောင်လေးပေါ့ ။
သေးမွှာပါးလွှာတဲ့ မျက်ကြည်အိမ်လေးကို
ဖြိုဖျက် ဒီကကောင်ကလည်း
အငိုမက် ပိုခက်တာက
မငိုမရပ်တာပဲ ။
ဒေါ်ကြီးခင်ရေ
ခင်ဗျား ကျွန်တော့်အပြစ်တွေကို
အမြစ်ကမကျန် အလစ်ဦးသုတ်
တူးထုတ်ခဲ့ဖူးသလို
ခပ်ပုံကြီးကြီးချဲ့ ပြောပြလိုက်စမ်းပါ။
ကျွန်တော်ခံစားရသလို တန်ပြန်
စျာန်ခံနေတဲ့ သူမအား
ယူမရ ကြုံးမရ
မုန်းတသသ ဖြစ်နေတဲ့ ဒီကောင့်အကြောင်း
ပြောပြပေးလိုက်စမ်းပါ ။
ပူ စ မီးကို ဓာတ်ဆီလောင်း
ထက်ရီစောင်း စရာ စကားလေးများ
ငှားပေးထားရအုံးမလား ဒေါ်ကြီးခင် ။
မသင်လည်း တတ်တဲ့ ရွှေဂဲလေး
ငွေဆွဲပြေး ....။
ရွဲ့စောင်း ကြည့်ကောင်းအောင်
သောင်းထောင်တွေနဲ့ နေတဲ့
သူမအား ပြက်ရယ် ပြုစရာလေးများ
နားထင် မွှေးပါး သို့ ရောက်အောင်
ပြောပြပေးစမ်းပါ ။
ဟေ့ ..ချစ်တယ်ဆိုတဲ့မိန်းကလေး
အခါတော် ပေးနေပြီနော် ။
နတ်ရေးတဲ့ ရွှေစာ
ပေချပ် တစ်ရာ တောင် စုတ်ဖြဲပြလိုက်ချင်သေး
ရေးချင်သလောက်သာရေး
မလောက်မလေးတွေရ ။
အဲ့ ဘိတ်သိပ့်ဆရာ
ပိတ်သိပ့်လိုက်လို့ သိုက်ဖို့ တစ်သိုက်
မရိုက် ပါနဲ့ လုလင်ရယ်
လာခဲ့ တာအမှားပါ တစ်ခြားရွာသွားပါတော့မယ်
တွေဖြစ်ကုန်မယ် ။
သူတိုးသား အိုးခိုးစားပါ
ထိုးထားမယ့် လက်သီး
ဖြတ်တီးပစ်လိုက်ရ
အမြစ်လိုက်ပါ ကျွတ်ထွက်သွားမယ်။
ကျွန်တော်မရိုင်းပါ သို့သော် မယဥ်ပါ ။
ဒေါ်ကြီးခင်ရေ ပြောပြပေးစမ်းပါ။
- ကလောင်
Keep Reading