နွယ်ငြိမ်းလင်းပွင့်
ငါ့ကို ပျက်စီးစေတဲ့
သမုဒယ နွယ်ကြိုးတွေကို
တစ်ပင်ပြီး တစ်ပင် ရစ်လိမ်။
ထိုးထွက်ချင်လွန်းတဲ့ ငါဟာ
ဟာမိုနီ ဖြစ်စေဖို့
အဆင်ချောစေဖို့
ထောင့်ဖြောင့်ဖြည့်ဖက် အဖြစ်
ငါ့ကိုယ်ငါ အရည်ဖျော်ချ။
ပြိုင်မြင်းမလေး ငါဟာ
ပစ္စုပ္ပန်ရဲ့ သစ္စာအကြောင်း
အတွေးခေါင်ရင်း
ငြိမ်ချက်သားကောင်းကောင်းနဲ့
ငါ့ရဲ့ အာရုံတွေကို ပြန်လုနေတယ်။
24.12.24 (Tue)
Keep Reading