Author's Profile Photo

ပြာလဲ့ရီဝေ

31/01/2025

ထားရက်လေသည့် မိုးရာသီ

1 min read
Poetry
Art
ထားရက်လေသည့် မိုးရာသီ's photo

နယ်ရှစ်ခွင်လုံး မှိုင်း မှိုင်းညို့ညို့မှုန်မှုန်ရီ
မိုးရာသီရောက်ပြီ
စိတ်မှာထွေမိ သတိဝင်ကာရီ(ရယ်) ဆောင်းမှမကြွင်းပြီ။

[ ဪ... ထားရက်လေသည့် ရက်များဆီ
မနေ့သို့နှယ် ထင်ပါသည်

ဆောင်းရောက်နေလည်း မိုးကိုလွမ်းတယ်
နွေရောက်နေလည်း မိုးကိုတတယ်
မိုးရာသီဖွဲဖွဲထဲ လက်ကလေးတွဲလို့ ပြေးခဲ့မှုန်ရီ
ခုတော့ဝေဝါးပြီ ] ၂

မီးမဲ့၍ မှိုင်းညို့နေသည် ဆောင်းမိုက်၍ အိုင်းအုံ့နေသည်
သည်အနှီ......
ထားရက်လေသည့် ရက်များဆီ မနေ့သို့နှယ် ထင်ပါသည်

[ နယ်ရှစ်ခွင်လုံး မှိုင်း မှိုင်းညို့ညို့မှုန်မှုန်ရီ
မိုးရာသီရောက်ပြီ
စိတ်မှာ‌ထွေမိ သတိဝင်ကာရီ(ရယ်) ဆောင်းမှမကြွင်းပြီ] ၂

Keep Reading

ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့ခင်ခင်ပျို့ထံပ