ဖိုးစည်
ဂရုစိုက်ပါဆိုတဲ့ စကားလေးတစ်ခွန်းကို
လိုတာထက်ပိုပြီးပြောထားခဲ့ဖူးပါရဲ့ ။
ကိုယ်က ပန်းကလေးကို ငေးကြည့်နေတာ
လှလွန်းလို့လေ ဒါပေမဲ့
ဟိုကောင်က အတင်း၀င်ချိုးသွားတာ
လက်သွက်တယ်ပေါ့
တန်ဖိုးထားတာခြင်း ကွာလို့ပါ။
သူငါ့ကိုကြည့်နေတာထင်တယ်
ဆိုပြီး ကော်လံသေချာသပ်
ဆံပင် တစ်ခါသပ် ခဲ့တဲ့
နေ့တွေကို ပြန်တမ်းတလျှက်။
မျက်၀န်းလေးတစ်ခုကြောင့်
ရူးသွားလောက်အောင်
ဖြစ်သွားခဲ့ဘူးတာအား
ဘူတာရုံ ရှေ့က ဖြတ်သွားဖြတ်လာ
လူငယ်များအား
ကြေကွဲစွာ ရှင်းပြ။
သူငယ်ချင်းတစ်ယောက်က
အသဲကွဲလို့တဲ့ ကိုယ့်ကို
မငိုရုံတမယ် လာပြောတယ်
အဲ့ဒီနေ့ က သူ့ကို
ပန်းကလေး အကြောင်း
တစ်၀ကြီးပြောပစ်တယ်
စိတ်ထဲမှာတော့ အတ္တနဲ့
ငါ့ထက်အသဲကွဲတဲ့သူ မရှိစေရ ။
မဆိုင်တဲ့လူတချို့ လာပြောကြတယ်
မင်းအဲ့လောက်ချစ်တတ်လွန်းတာကွာ
သူက ပြန်မချစ်တာတော့ လွန်တာပေါ့တဲ့
ကိုယ့်ကိုယ်ကို ချစ်တက်လွန်းသူလို့
ရဲရဲကြီး ဂုဏ်ယူမိတယ်
အပြင်ပန်းမှာတော့ ၀မ်းနည်းပုံရိပ်လေးတချို့
စိတ်ထဲမှာတော့ မြှောက်ကြွ မြှောက်ကြွ။
အသဲကွဲနေတယ် ငါဒီနေ့
မနေ့ကလည်း အသဲကွဲနေတယ်
တနေ့ကလည်း အသဲကွဲခဲ့သေးတယ်
ပြက္ကဒိန် တစ်ခါပြောင်းပြီ ငါအသဲကွဲနေတာ
မပြီးစီးနိုင်သေးဘူး
ကြာတော့ အသဲမကွဲတဲ့ နေ့ဆိုရင်တောင်
မနေတတ်မထိုင်တတ်တော့ ။
တစ်ချိန်က စွယ်တော်ရွက်ကလေး
တစ်ရွက်ရဲ့ ဘယ်နဲ့ညာမှာ ရေးထိုးဖူးတဲ့
နာမည်လေးနှစ်ခုဟာ ခုတော့
ပျော်ရွှင်စရာ ဇာတ်သိမ်းသွားပြီတဲ့
၀မ်းသာပါတယ် အားရပါတယ်
ကြေနပ် နှစ်သိမ့်ခဲ့ရပါတယ်။
သြော်....ငါမှာလည်း ၀မ်းသာပါတယ်ဆို
မျက်ရည်တွေက ရေခဲမုန့်ခွက်ထဲတောင်
ကျလို့ ....
သူမှာဖူးတဲ့အတိုင်း အအိပ်မပျက်
အစားမပျက် နဲ့ နေ့စားအသဲကွဲနေတာ ကြာပြီ။
မင်းသမီးနဲ့မင်းသား ပြန်ပေါင်းထုတ်တဲ့အခန်း
တွေရောက်ရင် ခွေထုတ်ပြီး ရိုက်ချိုးမိတယ်
ဗိလိန်က မင်းသမီးအနိုင်ကျင့်တဲ့ အခန်းကို
ရောက်ရင် ပျော်ပျော်ကြီး ကြည့်လို့
ငါ ခဏ ခဏ ပြန်တောင် ကြည့်ဖြစ်တယ်
ဒါက ငါ့ရဲ့ တန်ရာ တန်ရာ ပဲ
ငါစိတ်ချမ်းသာတယ်...။
ဘာမှမဆိုင်ပဲ လွမ်းတယ် လွမ်းတယ်နဲ့
အလွမ်းတွေနဲ့ ဘ၀င်ရူးနေတဲ့ကောင်ကို
လက်ဖက်ရည်ဆိုင်က လူများကတော့
အတော်ပင် ကြည်ညိုနေပါရဲ့
ရော့ မင်းအတွက် အချစ်တတ်ဆုံးအနေနဲ့
နှစ်သိမ့်ဆုဖလား .....။
၃မိနစ် ဆံပင်တစ်ခါ သပ်မိတိုင်း
မင်းကို လွမ်းတယ်
ပိုးဆိုးပက်စပ်......။
-ကလောင်
Keep Reading