Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

11/01/2025

နတ္တိ.... စာတမ်း

1 min read
Poetry
Entertainment
နတ္တိ.... စာတမ်း's photo


စကားလုံးဟူ ၊ များထွေမူလည်း
မရှိနတ္တိ ၊ ပျောက်ဆုံးလေ၏။

မျှော်တမ်းတသူ ၊ တစ်ယောက်မူလည်း
ပြုံးရွင်နတ္တိ ၊ပျောက်ဆုံးလေ၏။

ဆောင်းတွင်းလေမြူး ၊ အအေးမည်လည်း
အေးချမ်းနတ္တိ၊ ပျောက်ဆုံးလေ၏။

ပူလောင်မောဟ ၊ အမြိုက်သည်လည်း
ငြိမ်းအေးနတ္တိ ၊ ပျောက်ဆုံးလေ၏။

အေးစက်မေတ္တာ ၊ အချစ်သည်လည်း
နွေးထွေးနတ္တိ ၊ပျောက်ဆုံးလေ၏။

အကြိမ်ကြိမ် မရှိ ၊ ဤသည့် နတ္တိ
မုန်းလှပေပြီ ၊ မမြဲသည်ကို။

မောင်ဇင်(မှိုင်းဌာနီ) /၂၁.၁၁.၂၄/

Keep Reading

အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ"ရေသောက်ပြီး ရယ်ပါ"