ပြာလဲ့ရီဝေ
ပန်း ပန်း
ပန်းကိုသာ မော်မြင်ရ
ခူးဖို့လှမ်းစွ။
ဒီပန်းကိုချူလိုက
တံစဉ်တံချူ၊ ကိုင်ယူမူ၍
ခုံထပ်ဆင့်ခံ၊ မြင့်ရန်ကြံနောက်
ခြေဖျားစထောက်၊ ယိမ်းချူဆွဲက
ထိုပန်းရင်ဝယ်ဆင်းသက်စတမ်း။
လမ်းစဉ်နည်းစဉ်၊ ဉာဏ်အမြင်တွင်
ရှင်းဖြူးဖြောင့်လင်း၊ဇွဲကိုရင်းအံ့
ဓိဋ္ဌာန်ပြုငြား၊ ကျွန်လူသား၌
တံချူဘယ်ဆီရှာမရ။
တံစဉ်ဘယ်ဆီရှာမရ။
ခုံလေးဘယ်ဆီရှာမရ။
#ပြာလဲ့ရီဝေ
Keep Reading