ကိုအေးမြင့် (ကညင်ကုန်း)
အပိုင်း (၃)
အလုပ်မရှိအကိုင်မရှိဖြစ်နေသည်မှာ ၂လနီးပါး
ဖြစ်နေလေပြီ။ ယောက္ခမနှင့် မိန်းမဖြစ်သူကတော့
ချိုသည်လဲမပြော၊ ခါးသည်လဲမပြောတော့ပေ။
အကြောင်းကတော့... ကလေးထိန်းလိုက်၊
အိမ်မှာ တောက်တိုမည်ရ လုပ်လိုက်နဲ့
အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးနေသောကြောင့်သာ။
Aလမ်းဆုံဈေးထဲက ပန်းရောင်းသည့်ဆိုင်မှာ
ပျဉ်ချပ်(ပန်းတာ)တွေကိုဝယ်ပြီး၊ ပန်းကန်စင်တို့
ဖိနပ်စင်တို့ကို မတောက်တခေါက်ဦးနှောက်လေးနဲ့
သေချာတိုင်းတာ၊ ဖြတ်ထုတ် လုပ်လိုက်တော့လဲ
လာဝယ်မည့်သူက အဆင်သင့်ဖြစ်နေလေသည်။
တစ်ယောက်ကဝယ်လို့ ကြိုက်သွားပြီဆိုရင်
နောက်တစ်ယောက်က ထပ်မှာတော့တာပဲ။
ပထမဦးဆုံး စပြီးအလုပ်အပ်သူက မသဲသဲ၊
အိမ်ရှေ့အိမ်မှ ကိုချစ်ကို အမျိုးသမီးဖြစ်သည်။
ထို့နောက်မှ သူ့အမေ၊ သူ့ဦးလေးတို့ မှာကြလေ၏။
သိပ်တော့ များများစားစား မလုပ်လိုက်ရပေ။
အလုပ်မရှိပြန်တော့လဲ အိမ်တွင်းအိမ်ပြင်
တိုလီမုတ်စ အကုန်လိုက်လုပ်ရတာပါပဲ။
ဒီတစ်ခါတော့ ယောက္ခမနှင့် မိန်းမဖြစ်သူတို့က
"နားနေတာကြာပြီ အလုပ်မလုပ်ဘူးလား"ဟု
ထပ်မပြောတော့ပေ။ အကြောင်းသိသွားပုံရ၏။
ကျွန်တော်သည် အိမ်မှာနေသော်လဲ
တစ်ခုမဟုတ် တစ်ခုကတော့ မနားတမ်း
လုပ်နေတတ်လေ၏။ ဆပ်ပြာဆီရောင်းဖို့အတွက်
ပျဉ်ချပ်များဖြင့် 'စင်'ပြုလုပ်သည်။ ထို့နောက်
ဆပ်ပြာဆီဘူးများအား ဦးမြင့်နိုင် အမျိုးသမီး
ဖြစ်သည့် မကလျာအား အကြွေးစနစ်ဖြင့်
တစ်ဘူးကို ၈၀၀/ကျပ်နှင့် ဖောက်သည်ဈေးနဲ့
ပေးရလေသည်။ သူကမှတစ်ဆင့် ၁၂၀၀/ကျပ်ဖြင့်
အကြွေးပြန်ရောင်းသည်။ အခြား ဒေါ်မိမိုးဈေး
ဆိုင်ကိုလဲ သွားချိတ်ဆက်ကြည့်သေးသည်။
သူကတော့ ၁၀၀၀/ကျပ်ဖြင့် ရောင်းပေးမည်ဟု
ဆိုသည်။ ကော်မရှင်ခလဲ မယူဘူးဟု ဆို၏။
ဆပ်ပြာဆီဘူးကုန်သွားမှ ငွေရှင်းစနစ်ဖြစ်သော
ကြောင့် ရောင်းအားမသွက်လျှင် ကြန့်ကြာနေမှာ
ဖြစ်လို့ ကျွန်တော်ကတော့ အဆင်မပြေတာနဲ့
မပို့ဖြစ်ပေ။ ကျွန်တော်က လက်ငင်းလိုချင်သူ
ဖြစ်သည်။ မကလျာဆီကိုတောင် မကောင်းတတ်
၍ ပို့ထားရ၏။ နောက်ပိုင်းမှာတော့ ဆပ်ပြာဆီ
ကုန်ကြမ်းက ၁၄လီတာ (၁)ဖုံကို ၈၅၀၀/ကျပ်
မဟုတ်တော့ဘဲ ၁၁၅၀၀/ကျပ်အထိ ဈေးတက်
သွားတဲ့အခါမှာ ဘူးခွံဖိုးအပါ ၁၀၀၀/ကျပ်နှင့်
ရောင်းမှဖြစ်မှာမို့ မကလျာကိုပြောပြတော့ သူလဲ
မကိုက်လို့ထင်ပါရဲ့ ကျွန်တော့ဆီက ထပ်မယူဖြစ်
တော့ဘူး။ ဆပ်ပြာဆီရောင်းတာကလဲ
ဘားလားကျေးရွာထဲမှာ ကျွန်တော်နှင့် အခြား
ဖျော်ပြီးတော့ အကြွေးရောင်းသူ ရှိတာဆိုတော့
ဈေးကြီးနေတယ်ထင်ပါရဲ့။ မတက်နိုင်ဘူးလေ
ကျွန်တော်ကတော့ အကြွေးစနစ်ကို အားမပေးလို့
ဖြေးဖြေးနဲ့ မှန်မှန်ပဲဆက်သွားရင်း နောက်ပိုင်းမှာ
အဆင့်ထပ်မြှင့်ဖို့ စီစဉ်ထား၏။
တစ်ခါတလေများ အလုပ်အားနေလျှင်
စက်ဘီးတစ်စီးကိုယူပြီး အောင်မင်္ဂလာအဝေးပြေး
အထဲထိသွားပြီး ရေသန့်ဘူးလိုက်ကောက်၏။
လမ်းသွားရင်းနဲ့ လမ်းဘေးမှာတွေ့လျှင်လဲ
ဘယ်သူကြည့်ကြည့် မကြည့်ကြည့် အရှက်မရှိ
ဆင်းပြီး သွားကောက်တော့တာပဲ။ ပြန်ရောင်းဖို့
တော့ မဟုတ်ပါ။ ဆပ်ပြာဆီထည့်ဖို့အတွက်သာ
ဖြစ်၏။ လိုက်ကောက်လို့မှ မလောက်ငှရင်
၁လီတာ တစ်ဘူးကို ၅၀/ကျပ်ပေးပြီး ဝယ်ရသည်။
ထင်းရောင်းဖို့ကိုလဲ စဉ်းစားမိသေးသည်။
သို့သော်လည်း လက်ထဲမှာက ငွေနဲ့တူတာဆိုလို့
ထီစာရွက်တောင်မရှိဘူး။ စက္ကူဆို ဝေးလာဝေး။
အဲ့ဒါကြောင့် ထင်းရောင်းဖို့ကို ခဏမေ့ထားရ၏။
ကျွန်တော်တို့အိမ်သည် ရပ်ရွာဥက္ကဋ္ဌတို့အိမ်၏
တည်ရှိရာလမ်းရဲ့ အတွင်းဘက်ဖြစ်သည့်အပြင်၊
ကွန်ကရစ်လမ်းအဆုံး (ဥက္ကဋ္ဌအိမ်နားအထိ)မှ
ဂဝင်မြေသားလမ်းအတိုင်း ဆက်သွားလျှင်
ဆေးဆိုင်အကျော် ဘယ်ဘက်ခြမ်းကအိမ်ဟာ
ကျွန်တော်တို့အိမ်ပဲ ဖြစ်လေသည်။
ကျွန်တော့အိမ်လို့သာဆိုနေတာ အမှန်က
ယောက္ခမ ဆောက်ထားတဲ့ အိမ်ဗျ။ အဲ့ဒီအိမ်မှာ
နေတုန်းကတော့ တစ်ခါသား အိမ်ပေါ်ကနေ
ကိုယ်သဘောနဲ့ကို ဆင်းသွားခဲ့ဖူးသေးတယ်။
ပြဿနာက ဘယ်ရယ်လို့မဟုတ်ဘူး၊ သူတို့
(ယောက္ခမ)လင်မယားချင်း ရန်ဖြစ်နေတဲ့အချိန်မှာ
ကျွန်တော်က အလုပ်မှ ပြန်ရောက်လာတဲ့အချိန်
အိမ်ပေါ်ကိုမတက်သေးဘဲ အပြင်မှာရှိနေတုန်း
သူ့သမီး(ကျွန်တော့မိန်းမ)နဲ့ စကားများကြပြီး
မဆိုင်တဲ့စကားတွေထည့်ပြောနေလို့
မှတ်လောက်သားလောက်ရှိရလေအောင်
ပေါင်းကူရွာထဲက အဆောင်တစ်ခုကို ညဘက်ကြီး
ချက်ချင်းသွားငှားပြီး မနက်စောစောမှာဘဲ
အိမ်ပေါ်ကနေ ကလေးကိုခေါ်ကာ ဆင်းသွားလိုက်
ကြတယ်။ ဒီတစ်ခါနဲ့ဆိုရင် အိမ်ပေါ်က
ဆင်းတာ (၃)ခါမြောက်ဖြစ်တယ်။ (၄)လ နီးပါး
ကြာသွားတယ်။ အိမ်ပေါ်က ဆင်းတာ အကြာဆုံး
လို့လဲ ပြောလို့ရတယ်။ ၂၀၂၃ (၁)လပိုင်းထဲကနေ
(၄)လပိုင်းအထိပဲ။ ဤအကြောင်းက သည်မှတ်
တမ်း စာစုနှင့် မသက်ဆိုင်သော်လဲ အနည်းငယ်
ပါမှ ဖြစ်ပေလိမ့်မည်။ အကြောင်းကတော့...
ယောက္ခမအိမ်ပေါ်ကဆင်းသွားခဲ့ပြီးတဲ့
အဲ့ဒီ (၄)လနီးပါးအတွင်းမှာ အဆောင်ငှားဘဝနဲ့
နေစဉ်တုန်းက ရင်းနှီးခွင့်ရခဲ့သော
အခန်းချင်းကပ် လင်မယားနှစ်ယောက်ရှိသည်။
အစတုန်းကတော့ အမျိုးသမီးဖြစ်သူက
စကားပြောဆိုရာမှာ အေးစက်စက်ဖြစ်နေလို့
အဆင်မပြေဘူးဟု ကျွန်တော်ထင်ခဲ့မိတာတော့
ဝန်ခံရပေလိမ့််မည်။ နောက်ပိုင်းကျတော့လဲ
ထိုလင်မယားနှစ်ယောက်စလုံးက
စိတ်ရင်းစေတနာကောင်းမှန်း သိလာတဲ့အခါ
မိတ်ရင်းဆွေရင်းတွေ ဖြစ်လာခဲ့ကြတယ်ပေါ့။
(ဒါက နောက်ကြောင်းပြန် စဉ်းစားခြင်းမျှသာပါ)
ကျွန်တော်က ထိုလင်မယားနှစ်ယောက်ဆီကို
မကြာခဏဆိုသလို အလည်သွားတတ်လေသည်။
"ဘာစီးပွားရေးလုပ်ရင် ကောင်းမလဲ"ဟု
အကြံဉာဏ်လည်း တောင်းလေ့ရှိသည်။
သူတို့က ကြက်ကြော်ရောင်းနေတာဖြစ်လို့
ဝင်ငွေကတော့ မဆိုးလှဘူးဟုပြောရမည်။
စကားစပ်မိလို့ အကြောင်းသိလာရတာက
ကိုနေလင်းနိုင်ဟာ အောင်လှိုင်ကျေးရွာသားဗျ၊
အဲ့ဒီရွာက ကျွန်တော်နေခဲ့တဲ့ရွာဆိုတော့
သိနေတော့တာပေါ့။ သောင်ပြင်နားမှာ
ကျွန်တော့မရီးနှင့် တူ၊ တူမတွေ နေထိုင်ကြလေရဲ့။
အစ်ကိုကတော့ ဆုံးပါးသွားခဲ့ပါပြီ။
ကိုနေလင်းနိုင်နဲ့ မချယ်ရီမင်းတို့ လင်မယားလည်း
ကျွန်တော့အခြေအနေကိုကြည့်ပြီး
"ဘာစီးပွားရေးတော့ ကောင်းတယ်"
"ဘယ်ရောင်းဝယ်ရေးကတော့ အဆင်ပြေမယ်"ဟု
မပြောသာပေမဲ့လည်း တပိုင်တနိုင်အသေးစား
တစ်ခုခုကိုလုပ်ဖို့တော့ အကြံဉာဏ်ပေးကြလေ၏။
ကြီးကြီးမားမားတွေ မပြောသာဘူးဆိုတာကလဲ
ကျွန်တော့အခြေအနေက သူတောင်းစားထက်
တောင် ဆိုးရွားနေတာကိုးဗျ။ ဒါပေမယ့်
ကျွန်တော့အနေနဲ့ အဲ့ဒီအပေါ်မှာ စိတ်ညစ်တာမျိုး
တစ်ခါမှ မကြုံခဲ့ရသေးဘူး။ အိမ်က ယောက္ခမနဲ့
မိန်းမဖြစ်သူတို့ ပူညံပူညံမလုပ်တာလဲ ဖြစ်ကောင်း
ဖြစ်နိုင်ပါတ
Unlock to read this premium article with 10 points.