Author's Profile Photo

the IX

22/12/2024

သစ်ပင်

1 min read
Poetry
Entertainment
Creative

- သစ်ပင် -

ကျွန်တော်က …
ခင်ဗျားပျံသန်းနေရင်း
အတောင်ညောင်းလို့
ခဏတာဝင်ခိုနားခဲ့ဖူးတဲ့သစ်ပင်ပဲ … ။

ပြန်မလာတော့မှာသိရက်နဲ့
လေဝှေ့တိုင်း
ခင်ဗျားမြင်မယ်အထင်နဲ့
လှုပ်ရမ်းပြနေမိသေးတာ … ။

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့