Author's Profile Photo

Maung Hein

19/12/2024

ခင့်ရူပါ

1 min read
Poetry

ကြည်ပြာရည်လဲ့၊ အပြုံးသဲ့သဲ့၊
ပိတုန်း‌ေကသာ၊ ဆံထက်မှာကား၊
နှင်းဆီရဲရဲ၊ တစ်ပွင့်ထဲက၊
မာန်ဝင့်၍သာနေပါသည်။

လမင်းစန္ဒာ၊ ခင့်မျက်နှာသည်၊
ပြစ်နာကင်းမဲ့၊ ဝင်းဝင်းလဲ့၍၊
အပြုံးတစ်ပွင့်၊ မြင်ရသူကား၊
ဆင်းရဲကင်း‌ေပျာက်၊ချမ်းသာအတိပြီးလေသည်။

ခင်လမ်းလျှောက်ဟန်၊
ခင့်မူဟန်က၊ နွဲ့နွဲ့နှောင်းနှောင်း၊
မိန်းမကောင်းဟု၊ စံထားပြုစရာ၊
ဖြစ်သည်သာ၏။ ။
#မောင်ဟိန်း

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့