SarPhat Author
ဒီနှစ်တွေမှာ၊ဒီရက်ပိုင်းတွေမှာ
ပြက္ခဒိန်ကို ခနခနကြည့်မိနေတယ်။
ဘယ်နေ့ အဆင်ပြေမလည်း
ဘယ်အချိန်တွေမှာ ပျော်စရာများပြန်ရောက်လာမှာလဲ
ဘယ်တော့မှ အိမ်မက်တွေကပြန်ရှင်သန်လာမှာလဲဆိုတဲ့အတွေးတွေ။
စမ်းတဝါးဝါးနဲ့ လမ်းပျက်
အိပ်မပျော်တဲ့ ညများ။
မီးခိုးတွေဖုံးနေတဲ့ကောင်းကင်
ပြာဖြစ်သွားသောရွာများ။
တစ်ဖက်မှာငိုသံ၊တစ်ဖက်မှာရယ်သံ
တစ်နိုင်ငံထဲမှာ ကမ္ဘာနှစ်ခု။
နင်းပြားဘဝတွေ
ဗလာမပါကံစမ်းမဲများ။
လူငယ်တွေကို နေရာမပေးချင်တဲ့လူကြီးများ
ကြွေနေရတဲ့အဖိုးတန်ကြယ်တွေ။
ရွှေပလ္လင်ပေါ်ကဟောလိုက်တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားများ
ထည့်လိုက်ရတဲ့ အလှူငွေ
Brand New Carတွေ တစ်စီးပြီးတစ်စီး။
ခမ်းနားကြီးကျယ်သောတစ်ပါးကျောင်းဆောင်
ပျက်စီးမိုးယိုနေသောမိဘမဲ့ကလေး စာသင်ကျောင်းများ။
စားပွဲဝိုင်းအပြည့်ဆွမ်းပွဲ၊ဟင်းပွဲ၊အချိုပွဲတွေ
ထမင်းနဲ့ဟင်းကိုခွဲတန်းနဲ့စားနေရတဲ့ စစ်ရှောင်ကလေးများ။
ဘုရားမှာရွှေတွေဝင်းထိန်နေသလောက်
ဇောင်းတန်းမှာတောင်းစားနေတဲ့ သူတောင်းစားတွေ။
ပူးလိုက်တဲ့ နတ်၊ဖြစ်လိုက်တဲ့ ပွဲ
သောက်ပေါ mediaများ။
ဒီမိုး၊ဒီလေ၊ဒီမအေဘေးအာဏာရူးတွေရှိနေသရွှေ့တော့
ပျော်ရွှင်မှုစစ်စစ်ရမယ်မထင်။
ဘုရားနဲ့သာ မဆုံနိုင်ကြတာ
ဒေဝဒတ်တွေနဲ့တော့ ခေတ်တိုင်းဆုံတယ်။
ခေတ်ကြီးပြန်ကောင်းသွားရင်
ဒီနိုင်ငံကြီးမှာ အချစ်သီချင်းသံတွေအများကြီးကြားစေချင်တယ်။
ဒီနိုင်ငံကြီးဟာ အချစ်သီချင်းသံတွေ မကြားရတာကြာလှပြီ။
?
Keep Reading