ဖိုးစည်
နှင်းညခါရီ ၊ မျှော်သည်မောင်လွမ်း
ပွင့်လမ်းလာမည့်၊နှုတ်ခမ်းတစ်စုံမှာ
ပြုံးပန်းလေးများ၊ ၀ေဆာတင့်တယ်
ရှက်သွေးဖြာလို့ ၊ လရိပ်ကိုခို
ကြင်သူနှစ်ဦး ၊ရွှင်ပျော်မြူးကာ
ကြည့်ခြင်းတွေစုံ၊
ပန်း၀ါကလေးနဲ့ မ၀ေးစေကား
နှင်းညခါရီ ၊မေ မလာတော့
စိတ်၀ယ်မရွှင် ၊ပန်း၀ေ၀ေလည်း
ချမ်းလေရောပေါ့ ၊လွမ်းရစ်လေသော်
စန္ဒာရောင်ခြည် ၊လပြည့်၀န်းက
အာကာတစ်ခွင်လုံး၊သူသိမ်းပိုက်ကာ
လက်၀န်းနေသည်၊ ရွှေလရောင်က
ပြုံးပန်းလေးများ၊ မတွေ့သော်ငြား။
နှင်းညခါရီ၊ ကြာပြီဆိုတော့
ရှောင်ပြေးလေသူ၊စိမ်းသူကတော့
မေ့လောက်ပါပြီ၊ဘ၀ဆက်တိုင်း
လွမ်းစေခြင်းငှာ၊ မရစေလို
မေတ္တာသစ္စာ ၊သမုတိနယ်မှ
လွတ်ကင်းစေကြောင်း၊လွမ်းစာရေးသူ
တောင်းဆုခြွေမည်
မကြင်သူနဲ့ ၀ေးပါစေသား။
- ဖိုးစည်
Keep Reading