Author's Profile Photo

Honey cho

16/11/2024

သီတင်းကျွတ်လပြည့်ညဝယ် သေမင်းလက်မှကပ်သီး‌လွတ်‌မြောက်ခဲ့‌သောဟန်နီရဲ့ကိုယ်တွေ့အဖြစ်အပျက်တစ်ခု

4 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
သီတင်းကျွတ်လပြည့်ညဝယ် သေမင်းလက်မှကပ်သီး‌လွတ်‌မြောက်ခဲ့‌သောဟန်နီရဲ့ကိုယ်တွေ့အဖြစ်အပျက်တစ်ခု's photo


ဟန်နီတို့မိသားစုလေး ဟာ ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်ထဲမှာရှိတဲ့ မြို့လေးတစ်မြို့မှာနေထိုင်ကြပါတယ်။ဟန်နီတို့မိသားစုလေးမှာ မိသားစုဝင်လေးယောက်ရှိပါတယ်။ဖေဖေရယ် ၊မေမေရယ်၊ဟန်နီရယ်ပြီးတော့မောင်အငယ်ဆုံးလေးရယ်ပါ။ဟန်နီကတော့ ခုနှစ်ဆိုအသက် က၂၂နှစ်ရှိပါပြီ။မောင်လေးကတော့ အသက်18နှစ်ပါ။မောင်နှစ်မနှစ်ယောက်ကြား အသက်ကွာဟမှုက 4နှစ်သာရှိပေမဲ့ ဟန်နီ့အဖို့မောင်လေးဆိုတာထက် သားနဲ့တူနေပါတယ်။ဘာလို့ဆို ဟန်နီ့ရဲ့လက်ထဲမှာမောင်လေးကကြီးခဲ့တယ်ဆိုလည်း မမှားပါဘူး။မိဘနှစ်ပါးလုံး အပြင်ကိုအလုပ်ထွက်လုပ်နေကြချိန်မှာ ဟန်နီအနေနဲ့မောင်လေးကိုမောင်နှမဆိုတာထက် အပြောဆို၊အပြုအမူကစပြီးအကုန်လုံးကောင်းအောင် သင်ပြပေးရပါတယ်။ဟန်နီရဲ့ဘဝမှာ ဂုဏ်အယူရဆုံးတစ်ခုတည်း‌ေသာအလုပ်တစ်ခုကိုပြရမယ်ဆိုလျှင် မောင်လေးကိုဘုရားတရားကိုင်းရှိုင်းတဲ့လူတော်လူကောင်းလေး ဖြစ်အောင်ပြုစုပျိုးထောင်နိုင်ခဲ့တာက ဟန်နီရဲ့အကြီးကျယ်ဆုံးအောင်မြင်မှုလို့လည်းဆိုနိုင်ပါတယ်။


မောင်လေးကလည်း မိဘစကားနားထောင်သလို ကျွန်မကိုလည်း အမတစ်ယောက်အနေနဲ့ရော အမေတစ်ယောက်အနေနဲ့ပါသူသဘောထားပြီးအစစအရာရာ တိုင်ပင်တတ်ပါတယ်။အမေ့ကိုမပြောပြရဲ့တဲ့စကားတွေကအစ မောင်နှမချင်းတိုင်ပင်လေ့ရှိပါတယ်။မိဘတွေကလည်း စီးပွားထွက်ရှာတယ်ဆိုပေမဲ့ ကျွန်မတို့မောင်နှမကိုအရမ်းချစ်ပါတယ်။ကျွန်မတို့ကိုလည်း ဂရုစိုက်ပါတယ်။အဖေကတော့သူ့ရဲ့အမေလက်ထက်ကဘိုးဘွားပိုင်လယ်ယာမြေကိုသာ ဆက်လက်လုပ်ကိုင်ပြီးအမေကလည်းအဖေ့ကိုကူညီပေးသည့်အပြင် အဝတ်အထည်တွေရောင်းတာကိုလည်းလုပ်ကိုင်ပါတယ်။မန္တလေးအမဆီကနေပြီး လက်လီ၊လက်ကားစသည်ဖြင့်ယူပြီးရောင်းလေ့ရှိပါတယ်။


ကျွန်မကတော့တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ထားပြီးတက္ကသိုလ်ဒုတိယနှစ်ထိ ဥပဒေမေဂျာနဲ့ ပြည်တက္ကသိုလ်မှာတက်ရောက်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ကိုဗစ်ကြောင့်ကျောင်းနားခဲ့ပါတယ်။အဲ့နောက်မှာတော့သင်တန်းတက်ပြီးfreelance translator တစ်ဦးအနေနဲ့ ရပ်တည်နေပါတယ်။ဟန်နီရဲ့မောင်လေးလည်းတက္ကသိုလ်ဝင်တန်းမဖြေဘဲကျောင်းနားထားပြီးဟန်နီတို့မြို့ကဖုန်းဆိုင်တစ်ခုမှာ sale promoter တစ်ဦးအနေနဲ့ လုပ်ကိုင်နေပါတယ်။ဟန်နီတို့မြို့လေးဟာ အေးချမ်းလှပါတယ်။တစ်ဦးနဲ့တစ်ဦးအကြောင်းရှိရင်ကူညီရိုင်းပင်း‌ေလ့ရှိကြပြီး တကယ့်ကိုအလှူအတန်းလည်းရက်ရောကြသလို မွန်မြတ်တဲ့စိတ်ထားလည်းရှိကြပါတယ်။


ဟန်နီတို့နေတဲ့ရပ်ကွက်ဆိုရင် တစ်ရပ်ကွက်လုံးမှာအိမ်တိုင်းလိုလိုကျောင်းဆရာ၊ဆရာမတစ်အိမ်ကိုတစ်ယောက်ထိအနည်းဆုံးရှိကြပြီး တစ်ချို့ဆို3ယောက်လေးယောက်ထိရှိကြပါတယ်။ပြသနာဖြစ်တာတွေလည်း ရှားကြသလိုခိုးတာ၊ဝှက်တာ၊လုတာ၊ယက်တာဆိုတာသတင်းထဲမှာဘဲမြင်ဖူးကြပါတယ်။ဟန်နီတို့မောင်နှမကလည်း အရမ်းအလည်အပတ်ဝါသနာမပါသလိုကျောင်းပြီးကတည်းကအလုပ်ကိစ္စရှိရင် သာ လုပ်လေ့ရှိကြပြီး သူငယ်ချင်းအိမ်သွားလည်တာ၊သူများအိမ်လည်တာလုပ်လေ့မရှိလို့ ရပ်ကွက်ထဲကလူတွေကလူပျိုကြီး၊အပျိုကြီးမောင်နှမတွေဘိုးဘွားကိုကြိုဘိုကင်တင်ပေးမယ်ဟုပင်စကြပါတယ်။

ဟန်နီတို့အိမ်ရဲ့ဘေးမှာဘုန်းကြီးကျောင်းရှိပါတယ်။ဒါ့အပြင် ဟန်နီတို့အိမ်ရှေ့‌တည့်တည့်မှာလည်းဘုရား3ဆူနဲ့ ညောင်ပင်တစ်ပင်ရှိပါတယ်။အဲ့ဘုရား3ဆူနဲ့ညောင်ပင်ဟာ ဟန်နီထက်2နှစ်စောပြီးတည်ရှိနေခဲ့တာလို့အမေနဲ့အဖေကဆိုပါတယ်။တန်ခိုးလည်းရှိကြပါတယ်။ဟန်နီတို့ကလည်း‌ေန့စဥ်သောက်ရေချမ်း၊ပန်းကပ်၊ဆီမီးလှူတာ‌ေတွပြုလုပ်ကာဖြင့်ကုသိုလ်ယူလေ့ရှိပါတယ်။ဟန်နီတို့ကိုဗစ်ကာလတစ်ခုလုံးမှာ အနာရောဂါတစ်မိသားစုလုံးမရှိဘဲ ကောင်းကောင်းဖြတ်ကျော်နိုင်တာဟာလည်း ဘုရားရိပ်တရားရိပ်ကြောင့်လို့ယုံကြည်သည့်အပြင် အမှန်တကယ်လည်းကိုးကွယ်ကြပါတယ်။

ဟန်နီတို့ညာဘက်ဘေးမှာရှိတဲ့ အိမ်ကတော့ဆန်စက်နဲ့အိမ်တွဲထားတာပါ။ဟန်နီတို့ရပ်ကွက်သူရပ်ကွက်သားတွေကို ‌ဆန်စက်တည်ဖို့ထောက်ခံကြောင်းထောက်ခံစာ၊သဘောတူညီပေးဖို့တောင်းဆိုတာကြောင့် အမုန်းမခံချင်တာကြောင့် ဟန်နီတို့တွေအကုန်သဘောတူပေးခဲ့တာပါ။အဲ့တာနဲ့ဟန်နီတို့တွေအဲ့စက်ကြီးကညတိုင်းလိုလို ကို မီးလာရင်မီးနဲ့လည်ပြီး၊မီးမလာရင်လည်းမီးစက်နှိုးပြီးဆန်ကြိတ်တာ၊ဖွဲကြိတ်တာတွေကိုတစ်နေကုန်မိုးလင်းမိုးချုပ်ပြုလုပ်လေ့ရှိပါတယ်။ဟန်နီတို့တွေကလည်း အကုန်လုံးလက်မှတ်ထိုးထားပြီးသူများတေ‌ွလည်းစီးပွား‌ေရးအဆင်ပြေပါစေဆိုပြီးဘာမှမညည်းညူကြပါဘူး။


ဟန်နီတို့ခု2024/25ခုနှစ်ရဲ့သီတင်းကျွတ်လပြည့်နေ့မှာမှတ်မှတ်ရရ လူကြီးသူမတွေကိုဟန်နီတို့မောင်နှစ်မရှာဖွေထားတဲ့လစာထဲကနေတစ်ယောက်ကို5သောင်းစီ ကန်တော့ခဲ့ပြီးအဖေနဲ့အမေကိုမောင်နှစ်မနှစ်ယောက်ပေါင်းပြီး3သိန်းကန်တော့ခဲ့ပါတယ်။ဟန်နီတို့ဘဝမှာအပျော်ဆုံးလို့ပြောရပါတယ်။ဘာလို့ဆိုဟန်နီတို့ရဲ့ မိဘတွေနဲ့လူကြီးသူမတွေရဲ့ငါ့ကလေးတွေဒီအရွယ်ရောက်လာပြီးငါတို့ကိုသိတတ်ပါလား ဆိုတဲ့ပီတိလေးတွေကိုတစ်ယောက်ချင်းစီရဲ့မျက်ဝန်းထဲမှာမြင်တွေ့ရလို့ပါဘဲ။

ထူးထူးခြားခြားအနေနဲ့ ဟန်နီတို့‌ေမာင်နှစ်မလည်းည‌ေန6‌နာရီ‌ေလာက်မှစပြီးမြို့ထဲကို မီးထွန်းထားတဲ့ဆီမီးပွဲကိုလမ်းတွေပတ်ပြီးစက်ဘီးအပျော်စီးရင်း လျှောက်ကြည့်ကြပါတယ်။ဟန်နီတို့လည်း ညဘက်8နာရီအရောက်အိမ်ကို မိဘတွေစိတ်ပူမှာဆိုးလို့ပြန်ခဲ့ကြပါတယ်။ဟန်နီတို့မောင်နှစ်မနှစ်ယောက်လည်း အိမ်ရောက်တော့ခြေရေလက်ရေ သတ်ပြီးမိဘတွေကိုကန်တော့ကာ အိပ်ရာဝင်ခဲ့ကြပါတယ်။ဟန်နီတို့ရဲ့ အိပ်မက်ဆိုးကြီးဟာ နောက်တစ်နေ့မနက်3နာရီမှာအသက်ဝင်လာခဲ့ပါတယ်။ဘာလို့ဆို ဟန်နီတို့အိမ်ဘေးကနေ့နေ့ညညလည်နေတဲ့ဆန်စက်ကြီးဟာဝါယာရှော့ဖြစ်ပြီးထပေါက်ခဲ့ပါတယ်။ဒါပေမဲ့အဲ့အိမ်သားတွေကလည်း အကုန်အိပ်မောကျနေကြသလို ခိုင်းထားတဲ့အလုပ်သမားတွေကလည်း ဆန်စက်ထဲမှာမရှိဘဲအပြင်ကိုအရက်သောက်‌သွားနေကြပါတယ်။

ဆန်စက်ကြီးဟာ လည်နေရင်းအပူလွန်ပြီး အရှိန်မနိုင်ဘဲဝါယာကြိုးတွေအကုန်လောင်ပြီးထပေါက်တာပါ။ထပေါက်တဲ့အချိန်မှာ အနားမှာဘယ်သူမှရှိမနေတော့ပိုဆိုးပြီးဘေးဘက်အုတ်တံတိုင်းကပါအပေါ်ကစက်ပြိုကျလာတာကြောင့် ဟန်နီတို့ဘေးအိမ်ပေါက်ကိုလာပိတ်ပါတယ်။အဲ့အချိန်မှာ တစ်ခုကံကောင်းတာက ဟန်နီရဲ့အမေဟာညညဆိုအရမ်း အိပ်ပျော်လေ့မရှိပါဘူး။သူဟာမနက်ခင်းဆိုတစ်ရေးနိုးရင် သူလုပ်စရာရှိတဲ့အိမ်မှုကိစ္စ‌ေတွကို လုပ်ဆောင်လေ့ရှိပါတယ်။အမေဟာစက်ကြီးထပေါက်တော့ အော်ဟစ်ပြီးအကူညီတောင်းပါတယ် ရပ်ကွက်ထဲကို "လာကြပါဦးရှင့် ကယ်ကြပါဦးရှင့်"ဆိုပြီး ငယ်သံပါအောင်အော်ဟစ်အကူအညီတောင်းပါတယ်။

အမေ့ရဲ့အော်သံကြောင့် ဘေးအိမ်ကလူ‌တွေလည်းလန့်နိုးပြီးအိမ်ပေါ်မပိခင် အသက်ဘေးလွတ်ခဲ့ရပါတယ်။သူတို့အသက်ဘေးလွတ်သွားပေမဲ့ သူတို့အိမ်ကိုဖြတ်ပြီးပိထားတဲ့စက်တစ်ခြမ်းအုတ်ခဲပုံဟာ မီးစွဲနေတာမို့နီးစပ်ရာတွေကို အကူအညီဖုန်းဆက်ပြီးတောင်းခဲ့ရပါတယ်။အမေ့ရဲ့မီးသတ်ဌာနက ဦးလေးအသိကြောင့်အသက်ချမ်းသာရရခဲ့တယ်ဆိုလည်းမမှားပါဘူး။သူဟာမီးလောင်‌ေနတယ်လို့ ပြောပြောချင်းသူ့ရဲ့မီးသတ်တွေနဲ့ကျွန်မတို့ရပ်ကွက်ကို အချိန်မီလာခဲ့ပါတယ်။

ကျွန်မတို့လည်း သူမလာမီ နီးစပ်ရာမီးမကူးအောင် အိမ်ရဲ့ကျောက်ဆည်တွေထဲကရေတွေကုန်တဲ့ထိကိုကြောက်အားလန့်အားနဲ့အကူညီတောင်းရင်း ရေတွေလောင်းခဲ့ရပါတယ်။ပြိုကျလာတဲ့အဆောက်ဦးတစ်ခြမ်းပေါ်က ဖွဲမီးတောက်တွေကိုပါ ဖွဲမီးဆိုတော့ထင်ထားသလောက်ခရီးမရောက်ဘဲ သ‌ဲထဲရေသွန်သလိုဖြစ်နေကာ အောက်ခြေမှလှိုက်ပြီးလောင်နေပါတယ်။မီးသတ်ကား၈စီးရောက်လာပြီး အရှေ့၊နောက်တောင်မြောက်မှငြိမ်းသတ်ရာမှသာအနည်းငယ် မီးငြိမ်းသွားပြီး တစ်ခ‌ျို့မီးသတ်ကားဝင်မရတဲ့နေရာတွေကြားကဖွဲပုံကမီးတွေကိုတော့ ရေတွေပုံးထဲခပ်ထည့်ပြီးအပျက်စီးပုံတွေကြားထဲကနေ မီးသတ်သမားအချို့တိုးလျှိုးပြီးမီးငြိမ်းသတ်ခဲ့ကြရပါတယ်။

ထိုအဖြစ်အပျက်ကိုပြန်တွေးတိုင်း မနေ့တစ်နေ့ကလိုတကယ့်အိပ်မက်ဆိုးပါဘဲ အိမ်မှာဆိုအားလုံးရဲ့ဘုရင်မအမေရဲ့ကြောက်အားလန့်အား ငိုနေခဲ့တဲ့မြင်ကွင်းကလည်းခုချိန်ထိမျက်လုံးထဲကမထွက်ပါဘူး။တကယ့်ကိုသေဘေးကနေကပ်သီးလေးလွတ်ခဲ့တာပါ။အကယ်၍အမေသာအဲ့နေ့ညကနိုးမနေခဲ့ရင် အမေသာအားလုံးကိုအော်မနှိုးခဲ့ရင် ခုလောက်ဆိုဟန်နီလည်းရှိမှာမဟုတ်တော့သလို ဒီစာလည်းရေးဖြစ်မှာမဟုတ်ပါဘူး။ဟန်နီရဲ့အမေကအသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့သလိုနောက်ထပ်တစ်ကြိမ် သဘာဝဘေးအန္တရာယ်ကြောင့်၊ရန်သူမျိုးငါးပါးကြောင့်စတဲ့အန္တရာယ်တွေကလည်း ဒုတိယအကြိမ်ကာကွယ်ပေးခဲ့တဲ့heroine သူရဲကောင်းမိခင်ပါဘဲ။

အဲ့နေ့ညက လူတွေရဲ့ကြောက်အားလန့်အားအော်ဟစ်သံတွေ ဟာခုချိန်ထိကိုနားထဲကမထွက်နိုင်သေးပါဘူး။ဟန်နီလည်းအဲ့နေ့ပြီးကတည်းက trauma ရပြီးဘယ်အရာမှခုထိသေချာအာရုံမစိုက်နိုင်သေးပါဘူး။တကယ့်ကို ခုနှစ်သီတင်းကျွတ်ရဲ့အမှတ်တရကတော့ နောက်ကျတဲ့ခြေထောက်သစ္စာဖောက်နဲ့ နိဗ္ဗာန်ဘယ်သူရောက်မလဲဆိုတဲ့ကံစမ်းမဲနှိုက်ပွဲကြီးလိုဖြစ်ခဲ့တာပါ။တစ်ခုကံကောင်းတာကမီးကြောင့် လူအသေပျောက်နဲ့ထိခိုက်ဒဏ်ရာရသူမရှိတာရယ်၊အားလုံးတစ်စိတ်တစ်ဝန်းတည်းအတူတူမီးငြိမ်းသတ်ခဲ့နိုင်တာတွေက အရေးကြီးရင်သွေးစည်းကြတဲ့ ကျွန်မတို့ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ စိတ်ထားကိုပိုမိုသိရှိနားလည်စေပါတယ်။


ဒါ့ကြောင့်ဟန်နီရဲ့ သီတင်းကျွတ်လပြည့်နံနက်မှာငိုရခက်၊ရယ်ရခက်တဲ့တကယ့်အဖြစ်အပျက်ကို အားလုံးကိုမျှဝေပေးလိုက်ရပါတယ်ရှင့်။။

စာဖတ်သူအားလုံး
ကျန်းမာချမ်းသာကြပါစေ
ဟန်နီချို



Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်""မြန်မာတို့ရဲ့ သင်္ကြန်"စိတ်ဓာတ်ရင့်ကျက်စေဖို့.....လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ