Author's Profile Photo

SarPhat Author

30/04/2025

"အရိုးကို အရွက်မဖုံးနဲ့" --------------------

2 mins read
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ
ပျောက်ကွယ်မသွား အမွေအနှစ်များ
သင်္ကြန်
"အရိုးကို အရွက်မဖုံးနဲ့"
--------------------'s photo

"အရိုးကို အရွက်မဖုံးနဲ့"
---------------------

မဟာသင်္ကြန် (ခေါ် ) အတာသင်္ကြန်ဟာ ကျွန်တော်တို့ မမွေးဖွားခင် ဘိုးဘွားအစဥ်အဆက်ကတည်းကရှိလာခဲ့တာဟာ နှစ်ပေါင်းတစ်ရာကျော်လာခဲ့ပါပြီ။

သင်္ကြန်ဆိုတဲ့ ဝေါဟာရဟာ
သင်္ကန္တ ခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာတာဖြစ်ပြီး ကူးပြောင်းခြင်း လို့ အနက်အဓိပ္ပာယ်ရပါတယ်။ အင်းဝ နဲ့ ညောင်ရမ်းခေတ်တွေမှာ ဘုရင်တွေခေါင်းဆေးမင်္ဂလာပြုတဲ့ပွဲကို "သင်္ကြန်တော်" ဆိုပြီး ခေါ်စွဲပြုလာရာကနေ ဒီဘက်ခေတ်မှာတော့ တပေါင်းလမှာ မြန်မာနှစ် တစ်နှစ်ကုန်ဆုံးတဲ့ အထိန်းအမှတ်အနေနဲ့ "သင်္ကြန်ပွဲတော်" လို့ခေါ်ဝေါ်သမုတ်ကာ ကျင်းပကြပါတယ်။ ပွဲတော်ကျင်းပပုံကတော့ လူတိုင်းနီးပါးသိကြမှာပါ အကြို၊အကျ၊အကြတ်၊အတက်၊နှစ်ဆန်းတစ်ရက်နေ့ ဆိုပြီး သင်္ကြန်ပွဲတော်ကိုကျင်းပကြပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရေကစားခြင်းအစား နှစ်သစ်ကိုကူးပြောင်းတဲ့ကာလဖြစ်တဲ့အတွက် ခေါင်းဆေးမင်္ဂလာပြုခြင်း တိရစ္ဆာန်များဘေးမဲ့လွှတ်ခြင်းတို့နဲ့ စတုဒိသာကျွေးမွေးခြင်းတွေလိုမျိုး ကောင်းမှုကုသိုလ်အမျိုးမျိုးယူကြတဲ့ နေ့တစ်နေ့လည်းဖြစ်ပါတယ်။
သင်္ကြန်ပွဲတော်ကို ခေတ်အဆက်ဆက် မင်းအဆက်ဆက် နဲ့ သမ္မတအဆက်ဆက်မှာ ပုံစံအမျိုးမျိုးနဲ့ကျင်းပခဲ့ကြတဲ့အနက် အထင်ရှားဆုံးနဲ့ အကျော်ကြားဆုံးကတော့ ယခုထက်ထိကျင်းပနေဆဲဖြစ်တဲ့ လမ်းလျှောက်သင်္ကြန်ပဲဖြစ်ပါတယ်။

ယနေ့ခေတ်လူတော်"များ"မသိကြတာက သင်္ကြန်ဆိုတဲ့ ယဥ်ကျေးမှုဟာ ဒြပ်မဲ့ ယဥ်ကျေးမှုတစ်ခုဖြစ်တဲ့အလျောက် ပိုပြီးတော့ ထင်ရှားပျံ့နှံ့ဖို့ရော ပျက်စီးပျောက်ကွယ်သွားဖို့ရာ လွယ်ကူတဲ့အတွက် လူတွေ အထူးသဖြင့် ယဥ်ကျေးမှုနဲ့သက်ဆိုင်တဲ့ နိုင်ငံသားတွေမှာ ဒြပ်ရှိယဥ်ကျေးမှုတွေကို ထိန်းသိမ်းရတာထက်ပိုပြီး တာဝန်ရှိတယ်ဆိုတာပါ။


အစဥ်အလာ နဲ့ ရိုးရာယဥ်ကျေးမှု ဆိုတာတွေဟာ သမိုင်းတိုင်းလိုလိုမှာ နိုင်ငံတိုင်း လူမျိုးတိုင်း ထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ အရာတွေဖြစ်သလို ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုတွေလိုပဲ သူတို့ ပယောဂကြောင့် စစ်ပွဲအလီလီ အသက်သွေးချွေးပေါင်းများစွာ အကြိမ်ကြိမ်အကျခံပြီးမှ မတိမ်းကော မပပျောက်ဘဲကျန်ရှိနေတာလည်း ရှိကြပါတယ်။

  နှစ်ပေါင်း ၂၀၀ ကျော်ကြာမြင့်လာပြီဖြစ်တဲ့ အတာသင်္ကြန်ကတော့ သမိုင်းမှာ အဲ့လို သွေးမြေကျခဲ့တာမျိုးတွေ မရှိခဲ့သလို ကာကွယ်ထိန်းသိမ်းမှုအပိုင်းမှာလည်း အားနည်းခဲ့ပါတယ်။
နိုင်ငံရေး နဲ့ ကပ်ဘေး ပယောဂတွေကြောင့် ပွဲတော်ကျင်းပလာမှုတွေနည်းလာပြီး ကမ္ဘာမှာ သင်္ကြန်ကို မြန်မာနဲ့ယှဥ်ပြီး လူသိနည်းထင်ရှားမှုကလည်း နည်းပါနေပြန်ပါတယ်။ ထိုင်းရဲ့ ဆုန်ကရမ်ထက်;ထင်ပေါ် ကျော်ကြားမှုအပိုင်းမှာလည်း အားနည်းနေခဲ့ပါတယ် ရေကစားကြတဲ့ ပွဲတော်ချင်းတူပေမယ့် ဒြပ်မဲ့ရိုးရာယဥ်ကျေးမှုဆိုတာ လူတွေနဲ့ပိုပြီးတော့ သက်ဆိုင်တဲ့အရာမို့လို့ "UNESCO" ရဲ့ Policy အရ copy ယူတယ် မယူဘူးဆိုတာကလည်း ​ပြောလို့မရပြန်ပါဘူး။
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြိုမြှာကျင်းပခဲ့တဲ့  (၁၉)ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ညီလာခံမှာ " မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်" ကို "ကမ္ဘာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်" စာရင်းအဖြစ်နဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ရက်နေ့မှာတော့ ထည့်သွင်းနိုင်ခဲ့ပါပြီ။


တိုင်းတစ်ပါးယဥ်ကျေးမှုလွှမ်းမိုးမှု အများဆုံးခံနေရတဲ့ ကျွန်တော်တို့နိုင်ငံမှာ မိမိရဲ့ကိုယ်ပိုင်ရိုးရာယဥ်ကျေးမှုတွေနဲ့ ပျော်မွေ့မှုနည်းပါးလာတာ ကြာခဲ့ပါပြီ။ သင်္ကြန်ပွဲတော်ဆိုတာ လူကြီးလူငယ် ကျား၊မ မရွေး ပျော်"ရွှင်" ဆင်နွှဲကြတဲ့ ပွဲတော်ဖြစ်တဲ့အပြင်  ကျွန်တော်တို့ ဘိုးဘွာအစဥ်အဆက်လက်ထက်ကတည်းကပေါ်ထွန်းလာခဲ့တဲ့ ချစ်စရာရိုးရာယဥ်ကျေးမှု တစ်ရပ်ဖြစ်တာကြောင့်မလို့ ကျွန်တော်တို့ မြန်မာလူမျိုးများရဲ့ အရိုးထဲ အသွေးထဲ အသားထဲထိ ကာကွယ်ထိန်းသိမ်းရမယ့် ဝတ္တရားတွေ ရှိနေတယ်လို့ ယူဆမိပါတယ်။ "ကိုယ်ပိုင်မဟုတ်တဲ့ တစ်ပါးသူရဲ့အရာတွေနဲ့ ကိုယ် ဖြစ်နေမယ့်အစား ကိုယ်တိုင်အရာတွေနဲ့သာ ကိုယ်ပိုင်ဖြစ်ပါစေ" လို့ခံစားမှုအမြင်တင်ပြရင်းနဲ့ပဲ နိဂုံးချုပ်လိုက်ရပါတယ်။  ။

Keep Reading

"အရိုးကို အရွက်မဖုံးနဲ့" --------------------မြန်မာနှင့်သင်္ကြန်၊ သင်္ကြန်နှင့် ပိ​တောက်""မြန်မာတို့ရဲ့ သင်္ကြန်"စိတ်ဓာတ်ရင့်ကျက်စေဖို့.....လူမှုပတ်ဝန်းကျင်၌လိုက်လျောညီထွေနေထိုင်တတ်မှု(Adaptable In Society)"ပျောက်ကွယ်မသွား၊အမွေအနှစ်များ"စာပေ၏အသက်ရှင်မှုအချစ်ကို အသုံးချတတ်ရင်လဲ အောင်မြင်ဖို့အတွက်တွန်းအားပထမဆုရှင်အိမ်ထောင် ငရဲ