Author's Profile Photo

ဆောင်းလုလင်

15/11/2024

စကားနဲ့ကစားတဲ့သူ (ကဗျာ)

1 min read
Poetry
Fiction
Language

စကားနဲ့ကစားတဲ့သူ

သက်တံပေါ် ကစားကြမယ်တဲ့
စကားကြွယ်တဲ့ သူ။

အချစ်ကို ဂိမ်းလို ကစား
စကားတတ်သူ။

ချစ်စခန်းသွားကြမယ်တဲ့
စကားနဲ့ကစားလို့ခြူ။

စကားတွေငြီးအောင်ပြော
ကစားလို့မောကာမှ
ပြောသမျှအကုန်မေ့
ကွေ့ရှောင်ပြေးသူ။

ဆောင်းလုလင်

Keep Reading

အထီးကျန်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)"ရေသောက်ပြီး ရယ်ပါ"အို...လူ့ဘောင်လောက"နွေ"မျိုးစေ့