Author's Profile Photo

Infeno

14/11/2024

တစ်ဦးတည်းသော မိန်းကလေး

1 min read
Poetry
Psychology
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

တစ်ဦးတည်းသော မိန်းကလေး သည် တစ်ဦးတည်းပါ
ထို့ကြောင့်...
တစ်ဦးတည်းသော မိန်းကလေး သည် နှစ်ဦးမဖြစ်နိုင်ပါ
သို့သော်...
တစ်ဦးတည်းသော မိန်းကလေး သည် နှစ်ဦးဖြစ်နေသည်ကို သူမသိပါ
အတိတ်ဆွေးဆွေးတွေမှာ ဝေးဝေးမတွေးနဲ့ အချစ်ရေ...
သူရေရွတ်
တစ်ဦးတည်းသော မိန်းကလေး
ပြေးလျက်
တစ်ဦးတည်းသော မိန်းကလေး
နှဖူးပေါ်လက်တင် တွေးလျက်
တစ်ဦးတည်းသော မိန်းကလေး
နောက်ထပ်
နောက်ထပ်
တစ်ဦးတည်းသော မိန်းကလေး
ဟင်..အို..ဟာ..ရှိုက်သံရိုက်လျက်
သံမဏိကြမ်းပြင်ထက်က
တစ်ဦးတည်းသော မိန်းကလေး
ဒီပန်းချီကားက
တစ်ဦးတည်းသော မိန်းကလေး အကြောင်း
မင်းစုတ်ချက်တစ်ခုပဲလို
တစ်ဦးတည်းသော မိန်းကလေး

တစ်ဦးတည်းသော မိန်းကလေးရေ.....။

#အင်ဖီနို
9:06Am
14.11.24.TH U

Keep Reading

"သွားပါ...ကလေးငယ်"အထီးကျန်နန်းကျဘုရင်ဥပေက္ခာ ပြုမထားသင့်ပါ သူငယ်ချင်းမေတ္တာဖြင့် ချစ်ခွင့်ပန်ခြင်းနေချင်တဲ့ ဘဝမွေး​နေ့လက်​ဆောင်ပျော်မောသူလက်တွေ့(action)ယနေ့ကဗျာ